Monday, February 6, 2012

♥အလွမ်းများသာ လက်ကုန်အောင် ၀င်းပတယ်♥






“ထာဝရ” ဟု အသားတံဆိပ် ရိုက်နှိပ်မထားသော ရာသီဥတု နေ့ရက်များ၊
ဖြတ်သန်းခဲ့ဖူးသော  ပြက္ခဒိန်၊ ပြဿဒါး၊ ပြဇာတ်မဟုတ်တဲ့ ကိုယ်ပိုင်ပြဇာတ်၊
သစ်ရွက်များ တဖြုတ်ဖြုတ်ကြွေကျတတ်သည့် မန်ကျည်းပင်တန်း၊ ထီးအပျက်တစ်ချောင်း၊ တစ်ထောင်ကျော်သော ဗောဓိများ ကိန်းဝပ်သည့် ခံတက်ကန် တောင်တန်းကလေး၊
ကျွန်တော်၊ ညီမလေး၊ ပူးနွေးနေဆဲ ကျွန်တော်ရဲ့စိတ်၊ စိတ်ဖြစ်စဉ် အလင်း အမှောင်။


ခဏခဏ မိုးချုပ်တတ်တဲ့ ကမ္ဘာမှာ
မျှော်လင့်ချက် အမြုံတွေနဲ့ အခြေအနေအရ ဒီနေရာကို ရောက်နေခဲ့ရ
“တစ်ရွာမပြောင်းသူကောင်းမဖြစ်” ခြေဆန့်နိုင်သမျှ ဆန့်ခဲ့ရင်း နိုင်ငံနဲ့ အရပ်သာ ခြားနားခြင်းခံလိုက်ရတယ်
အိမ်ပြန်ချင်သော်လည်း ရွက်ပဲ့လှေတစ်စင်းလို လှိုင်းဂယက်တွေအကြား
ညီမလေးရေ...
သမ္မတအသစ်၊ အစိုးရအသစ်ရဲ့လက်အောက်မှာ အမေ့ထမင်းဝိုင်းကလေး စိုစိုပြေပြေရှိရဲ့လား
အကိုကတော့ မိန်းမသား ၀န်ကြီးချုပ်ရဲ့ မြေပေါ်မှာ လှေဖြစ်လိုက် ရေနစ်လိုက်ပါဘဲ။
လကို မြင်တိုင်း လွမ်းခဲ့ရတယ်
ညီမလေးရေ..နေကို မြင်ပြီး စိတ်အားမငယ်ပါနဲ့။
အဝေးမြို့မှာလည်း ကောင်းကင်အောက်မှာပဲ မှီခိုနေရတယ်
ညီမလေးရေ..ကြယ်ကလေးတွေကို ရနိုင်သလောက် ခူးဆွတ်ထားပါ။
နေ၀င်ချိန်တိုင်း ရစ်မူးမိပါတယ်
ညီမလေးက ဆည်းဆာအရောင်တွေနဲ့ ရေချိုနေသလား။
အကိုက ၀ှက်ထားခံရတဲ့ လတစ်ခြမ်း အပဲ့ကလေးပါ
ညီမလေးက လင်းလက်နေတဲ့ လခြမ်းကလေးပေါ့။
ကြယ်ကြွေတွေနောက် ကောက်ကောက်လိုက်နေမိတယ်
ညီမလေး..ခရေလို မွှေးမြနေပါစေ...။

No comments:

Post a Comment