နတ်ဆိုးဝှက်တဲ့စကားထာ
ကမ္ဘာဦးစကတည်းက
နှလုံးသားမှတ်ကျောက်ထက်မှာ
နုညံ့တဲ့အက္ခရာတခုကို
အများကခေါ်တော့ ”အချစ်“ ပေါ့.....။
အလိုမကျတဲ့ကောင်းကင်ပြာကို
လေပြေတွေကနှစ်သိမ့်အခါ
ရှက်သွေးဖြာနေတဲ့ ညနေခင်းတွေဆီက
တခုခုများပြန်တောင်းခွင့်ရှိရင်
နားလည်ခြင်းတွေပဲ ဖြစ်မယ်ထင်တယ်..။
မဖြစ်နိုင်မှန်းသိပေမယ့်
နှလုံးသားရဲ့တံစက်မြိတ်မှာတော့
မျှော်လင့်ခြင်း ကြယ်စင်တပွင့်ကိုတော့
လင်းတလှည့် မှိတ်တခါ
ချိတ်ဆွဲကာထားဆဲပါ
ငါ့ဘ၀အနာဂတ်တွေထဲမှာ
နာရီတွေကိုဆေးတိုက်မှားလို့
နေ့နဲ့ညကလည်း
ဝတ်ရုံလွှာတွေမှားနေကြပြီလေ
valentinedayဆိုတဲ့
သင်္ကေတ တခုထက်မှာ
မီးလျှံတွေထနေကြတဲ့မြတ်နိုးခြင်းတွေဟာ
တကယ်တော့....
သမိုင်းအဆက်ဆက်က
နတ်ဆိုးဝှက်သွားခဲ့တဲ့”အချစ်ရဲ့“စကားထာပါ......♥♥




 
 
 
 
 
 
 
 
 

No comments:
Post a Comment