ကောင်မလေးရေ...
မင်းမရှိတဲ့ အချိန်တည်းက
တယောက်တည်းလောင်ကျွမ်းနေခဲ့ရတာ
မင်းမှ... သိပါလေစ....။
ခပ်အေးအေး ဆောင်းညတွေမှာ....
ခပ်ဝေးဝေးက ရထားဥသြသံတွေ အောက်မှာ
မင်းစီမံခဲ့တဲ့ ဒါဏ်ရာတွေနဲ့ ငိုကြွေးနေတဲ့...
အရူးတစ်ယောက်အကြောင်းကို
မင်း......သတိမှ...ရပါလေစ...။
တကယ်တော့........
ချစ်သောသူနဲ့ ကွေကွင်းရတဲ့ ဆင်းရဲထက်
ချစ်သောသူက ပစ်ခွင်းခဲ့တဲ့မြှားက
ပိုလို့သာ နာကျင်စေပါတယ်....။
သစ္စာတရားကို ခေါင်း၊ပန်းလှန် ကစားနေကြတဲ့ဘ၀မှာ
မြတ်နိုးမိသူ အတွက်ကတော့...
သေမယ်သိရက်နဲ့တောင်
မြှပ်မဲ့တွင်းပါ အပြစ်မမြင် တူးပေးခဲ့တာပါ...။
ကောင်မလေးရေ.......
ကလေးဘ၀ ကစားပွဲမှာ
ထမင်းသိုး၊ဟင်းသိုး အဖြစ်ကို စာနာကြည့်ကွဲ့ ....
ငါလဲ... အဲ့ဒီလိုပါပဲ...
ဘယ်ဘက်လက်က သုညကိုဆုတ်
ညာဘက်လက်က ကြက်ခြေခက် ကိုင်ပြီး
မင်းအတွက်...အင်ပါယာတစ်ခု
တည်ဆောက်ချင်ခဲ့သူပေါ့.....။
ကောင်မလေးရေ......
မင်း မခိုလှုံရဲတဲ့ ဒီအရူးရက်ဘက်က
ကွက်စိပ်ဟောဆရာရဲ့ပါးစပ်လို စကားအလှမျိုးစုံ
မသုံးတက်သလို ရုပ်ရှင်ထဲက ဇာတ်လိုက်လိုလဲ
မချစ်တက်ပါဘူး....
ခရမ်းရောင်သစ္စာကို အခြေပြု
ရိုးသားစွာချစ်ခဲ့မိသူပါ....။
နောက်ဆုံး
နတ်ဆိုးတွေရဲ့ ပုရပိုက်မှာ ကျမ်းစူးနေတဲ့ငါ...
ကိုယ့်ဘ၀ဖြစ်အင်ပြန်တွေးကြည့်တော့...
“အချစ်ဆိုတာ”
အမိန့်ပြန်တမ်းကို နားထောင်နေရတဲ့
ဝိဥာည်တစ်ကောင်လိုပါပဲ....။
ခုဆို....ကိုယ့်ရင်ဘက်ကိုကိုယ်
မရဲတရဲ ပြန်ငုံ့  ကြည့်လိုက်ရင်
မင်းဖန်ဆင်းခဲ့တဲ့ ဒါဏ်ရာတွေ
တဆစ်ဆစ်နဲ့ ကျိန်စာသင့်နေရပါပြီ..။
နှစ်လပိုင်း ဆယ့်လေး...
ဖိတ်စာပေါ်က မင်းနာမ်မည်ငေးရင်း
မျက်ရည်တွေနဲ့ .....ငါ...တိုးတိုးလေး
ဆုတောင်းခဲ့ပါတယ်....
ဒီဘ၀..... ဒီခန္ဓာ.....သံသရာ..မပါပဲ
ကျေ.....ပါ....စေ....တော့....♥♥





No comments:
Post a Comment