တစ်သက်လုံးအမှတ်ရစေခဲ့သော မွေးနေ့လက်ဆောင်ရခဲ့ပါသည်။
၁။ နှင်းဆီလွှာစု
နှုတ်ခမ်းနုမှ
အနမ်းပွင့်ကြွယ်
အမောင့်ကိုချစ်တယ်တဲ့............။
၂။ ဂုဏ်ဒြပ်မတူ
ရွှေဘုံသူရယ်
ဘ၀ခါးခါး
ဒုက္ခနယ်သား
အမောင့်ကိုများ
ကြည်စားသလားလို့..............။
၃။ မယုံမရဲ
ဘ၀လမ်းထဲ
ဒုက္ခတွေများ
လမ်းတွေမှားရင်
လမ်းပြဖေးကူ
အမောင့်အနားမှာ အတူရှိခဲ့ပါတဲ့ ချစ်သူ..........။
၎။ အမောင့်သစ္စာ
ထားခဲ့ပါသည်
ဘယ်ခါမမုန်း
တစ်သက်လုံးကို
နှစ်ဦးတူစွာ
မမေ့ပါဟု.....................။
အချစ်နှောင်ဖွဲ့
အမောင့်လက်နှင့်
ချစ်ထုံးဘယ်ခါ
မဖြည်ပါဟု....................။ (၁၄. ၂.၂၀၀၂ )
၅။ တာဝန်နှင့်နယ်
ရိုးမလယ်မှာ
လမင်းမသာ
မီးမပါနှင့်
မအားမောင့်မှာလွမ်းရေးကြွယ်............။
၆။ အမောင်ရှိရာ
တောနေရာသို့
ချစ်သူရောက်လာ
နှုတ်ဆက်ပါသည်
ရုပ်ဒြပ်မပါ
နာမ်ခန္ဒာနှင့်...................။ (၁၄.၂ .၂၀၀၆)
၇။ စိတ်ချပါချစ်သူ
လက်ရုံးသစ္စာ
တည်တံ့စွာဖြင့်
သစ္စာစကား
အမောင်ထားသည်
မမုန်းဘယ်ခါ...မမေ့ပါ.........။
၈။ ချစ်သူ
ခရီးမတ်တတ်
လမ်းခုလပ်တွင်
လက်တွဲဖြုတ်ရက်
မင်းလက်တစ်ဖက်ကို
သစ္စာထွေပြား
မေ၀၀ါးဘဲ
ချစ်လျှက်နှင့်သာ
စောင့်နေပါသည်
ပြန်လာလိမ့်နိုး
လာနိုးနိုးဖြင့်.............။





No comments:
Post a Comment