Monday, February 6, 2012

နှလုံးသားမျက်ရည်


တိတ်ဆိတ်တဲ့ညအလယ်မှာ
နှစ်သိမ့်မယ်အနမ်းတွေကို
အလွမ်းငိုကြွေးသံတွေနဲ့အတူ
ငါ့နှလုံးသားစောင့်နေခဲ့ဖူးတယ်
 
ချစ်သူ.........
မှောင်မဲတဲ့သန်းခေါင်ယံမှာ
ကြိုးပြတ်သွားတဲ့ဂစ်တာနဲ့အတူ
သီကုံးနေတဲ့အလွမ်းတွေက
ငါ့နှလုံးသားငိုကြွေးသံတွေပါ
ချစ်သူ........
ကြယ်တွေကြွေရင်ငါမပျော်ရွှင်ခဲ့ဘူး
ဘာဖြစ်လို့လဲဆိုရင်
ကြယ်ကြွေတယ်ဆိုတာ
ကောင်းကင်ကြီးရဲ့ငိုကြွေးခြင်းမျက်ရည်လို့
ငါထင်လို့ပါ ဒါပေမယ့်
ငါ့နှလုံးသားကြွေတာကိုမြင်မှ
မင်းပျော်ရွှင်မယ်ဆိုရင်
ခြွေလှည့်ပါ မြင်လှည့်ပါ
အမုန်းတွေမပါတဲ့ င့ါ “နှလုံးသားမျက်ရည်” တွေကိုပေါ့
ချစ်သူရယ်.......

No comments:

Post a Comment