Sunday, March 11, 2012

» လူထုဟောပြောပွဲသို့လာရောက်ရန် စာရင်းပေးထားသည့် ဆိုင်ကယ်အစီးရေ ၆ သောင်းကျော်ရှိသည်
လူထုဟောပြောပွဲကို တဖွဲ့ လာရောက်နေသူများ
မော်လမြိုင်၊ မတ်လ ၁၁၊ နံနက် ၈နာရီ ၄၅ မိနစ်

ယနေ့နံနက် ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ ပြုလုပ်မည့် ၆ မိုင်ကျေးရွာ ဘောလုံးကွင်းသို့ လူထုပရိသတ် သွားရောက်နေပြီဖြစ်သည်။ လူထုဟောပြောပွဲသို့လာရောက်ရန် စာရင်းပေးထားသည့် ဆိုင်ကယ်အစီးရေ ၆ သောင်းကျော်ရှိသည်ဟု မော်လမြိုင် မြို့ အန်အယ်လ်ဒီမှ တာဝန်ရှိသူတဦးက ၀ိုင်ပီအိုင်သို့ပြောသည်။
ယခုလူထုဟောပြောပွဲ နားထောင်ရန် ဘုရားသုံးဆူမှလာရောက်သူ အများအပြားရှိသည်ဟုလည်း ၎င်းတာဝန်ရှိသူကပြောသည်။
မော်လမြိုင်မြို့ထဲမှ လူထုဟောပြောကွင်းသို့ အခမဲ့ ပို့ဆောင်ပေးသည့်ကားများ လည်း အများအပြားရှိသည်ဟု သိရသည်။ လူထုဟောပြောပွဲကို နံနက် ၉နာရီဝန်းကျင်တွင် စတင်မည်ဟု ခန့်မှန်းရသည်။ ယခုအခါ ကွင်းထဲလူပရိသတ်အများအပြား ရောက်ရှိနေပြီဖြစ်သည်။
YPI

No comments:

Post a Comment