YCDC ၏ မြေညီထပ်ကားပါကင်အမိန့် အထက်အမိန့်များဖျက်သိမ်း
ရန်ကုန်မြို့တော်စည်ပင်သာယာ၏ အဆောက်အအုံသစ်များ၏မြေညီထပ်တွင် ကားပါကင်ထည့်သွင်းဆောက်လုပ်ရမည့်  အမိန့်အား အထက်မှညွှန်ကြားချက်အရ
၁၄ရက် ၊ ၃လ ၊ ၂၀၁၂ တွင် ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိပါသည်။
Myanmar News Now
ရန်ကုန်မြို့ မှ ကန်ထရိုက်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကို တွေ့ ရစဉ် |
Myanmar News Now မှ တင်ပြခဲ့တဲ့ YCDC ကားပါကင် ပြဿနာ အောက်မှာပြန်လည်
ဖော်ပြပေးလိုက်ပါတယ်။
စည်ပင်ရဲ့ ကားပါကင်ကြောင့် အိုးအိမ်မဲ့ဖြစ်သူပေါင်း ၃၀၀ကျော်ရှိ
ရန်ကုန်မြိုတော်စည်ပင်မှာ အိမ်ဟောင်းများကို ဖျက်ပြီး အဆောက်အဦးဆောက်လုပ်ခွင့်တင်ရာ
မှာ အဆင့်နှစ်ဆင့်တင်ရပါတယ် ။ ပထမအဆင့် Proposal ဒုတိယအဆင့်ပုံစံကြီး ဖြစ်ပါတယ် ။
ပထမအဆင့်Proposal အောင်ပြီးရင် မူလနေထိုင်ရာ အိမ်အဟောင်းကို ညဖြိုဖျက်ဖယ်
ရှားရပါတယ် ။ အဲဒီအချိန်ကစလို့ မြေပိုင်ရှင်မိသားစုများ ၊ အိမ်ငှားနေထိုင်သူမိသားစုများဟာ ကန်ထရိုက်တာအိမ်ဆောက်မပြီးမချင်း မိမိတို့ကိုယ်ပိုင်ငွေကြေးဖြင့် တလလျှင်
အနည်းဆုံး ၇၀၀၀၀ ကျပ်ခန့် အကုန်အကျခံပြီးတိုက်ခန်းငှားနြေ ကရပါတယ် ။
အနည်းဆုံး ၇၀၀၀၀ ကျပ်ခန့် အကုန်အကျခံပြီးတိုက်ခန်းငှားနြေ
၂၀၁၂ခုနှစ် ဇန်န၀ါရီလအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာနယ် နမိတ်အတွင်းမြို့နယ်အားလုံးမှာ အသင့်ဆောက်လုပ်မည့် အဆောက်အဦးများမြေညီထပ်မှာ လူနေထိုင်ခွင့်မပြုတော့ဘဲ
ကားများရပ်နားရန် ကားပါကင်ပြုလုပ်ရမည်လို့ ညွှန်ကြားလာပါတယ် ။
အဲဒီအမိန့်ဟာ လွန်ခဲ့သော သုံးလေးလကတည်းက Proposalအောင်ပြီး မြေပိုင်ရှင်များလည်း အကျုံးဝင်ကြောင်း ထုတ်ပြန်သဖြင့် မြေရှင်ရော ကန်ထရိုက်ပါ အခက်အခဲဖြစ်ကြရပါတယ် ။ စည်ပင်အမိန့်နှင့်ပတ်သက်ပြီး အနည်းငယ်ရှင်းပြလိုပါတယ် ။
ရန်ကုန်မြို့မှာ အိမ်ဟောင်းဖျက်ပြီး အိမ်သစ်ဆောက်လုပ်ခွင့်တင်သောမြေကွက်များ၏
၇၅%မှာ ၂၅ပေ×၅၀ပေ မြေကွက်များဖြစ်ပါတယ် ။ စည်ပင်ဥပဒေအရ ရှေ့နောက်ဝဲယာ တစ်ပေစီချန်ခိုင်းထားအတွက် မျက်နှာစာ၂၃ပေ×ရှေ့နောက်၄၈ပေ ဆောက်ကြရပါတယ် ။
ရပ်ကွက်အခေါ် ရင်ခွဲ အငယ်မှအုတ်နံရံချားပြီး နှစ်ခန်းတွဲဆောက်ကြတာ များပါတယ် ။
အလည်တည့်တည့် အဆင်းအတက်လှေကား အကျယ်ရှစ်ပေနှုတ်ခဲ့ရင် ၊ ဘေးနှစ်ဘက်က ကွန်ကရစ်တိုင်နှစ်တိုင်နုတ်ခဲ့ ရင် ကားအ၀င်အထွက်အတွက် ခြောက်ပေခွဲပင်
မကျန်တော့ပါ ။
မကျန်တော့ပါ ။
ကားဝင်လို့ရတယ်ထားဦး ကားသုံးစီးရှေ့နောက်တန်းစီရပ်လျှင် ၀ဲယာနှုတ်ခမ်းအတွက် ကားခြောက်စီးကျပ်ကျပ်တည်းတည်း ရပ်လို့ရပါတယ် ။ မှတ်ချက် - ကားတွေမှာ ဘက်မှန်ပါရင်တော့ ၀င်လို့မဆံ့ပါ ။------
ပြသနာက အတွင်းထဲကကားထွက်ချင်ရင် နောက်ကားနှစ်စီးပိုင်ရှင်တွေကို ဘယ်မှာလိုက်ရှာမလဲ ။ ညနက်သန်းခေါင်အရေးပေါ်လို့ အတွင်းကကား အပြင်ထွက်ချင်ရင် ဘယ် လိုလုပ်မလဲ ။
အဲဒါကို မြေရှင်များနဲ့ ကန်ထရိုက်များ မဖြစ်နိုင်ကြောင်း ယာ/အုံ ဌာနမှူးထံ စုပေါင်းတင်ပြခဲ့ရာ
ဌာနမှူးက ““ ကျုပ်လဲမသိဘူး ၊ အထက်က လုပ်ခိုင်းလို့လုပ်တာ”“ဟု ဖြေပါသည် ။ တဖန် မြို့တော်ဝန်ထံဆက်လက်ပြီး စာများ ပုံများဖြင့် တင်ပြကြရာတွင် ထိုအကြောင်းအရာမှာ
အပေါ်ကချပေးတဲ့ အမိန့်ကြောင့် ညွှန်ကြားတာဖြစ်ကြောင်း ပြောပါသည် ။
ရန်ကုန်မြို့မှာ ထိုအကြောင်းကြောင့် အိုးအိမ်မဲ့ဖြစ်သူပေါင်း ၃၀၀ကျော်ရှိပါသည် ။ စည်ပင်နှင့်ဆက်နွယ်သော ဆောက်လုပ်ရေးလုပ်ငန်းများမှာ၈၀% လျောု့ကျသွားပါသည် ။ ဆောက်လုပ်ရေးလုပ်သားများ သောင်းချီပြီး အလုပ်လက်မဲ့ဖြစ်ကြရပါသည်။
ကန်ထရိုက်ဆောက်လုပ်ရေးသမားတဦး ရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
No comments:
Post a Comment