Saturday, March 10, 2012

NLDဥက္ကဌဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ် စည်းရုံးရေးခရီးစဉ်စတင်
အမျိုးသားဒီမိုကရေးစီအဖွဲ့ ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ် မော်လမြိုင်မြို့ ကို မဲဆွယ်စည်းရုံးရေးအတွက် ဒီကနေ့ မတ်လ(၁၀)ရက်နေ့ နံနက်ပိုင်းမှာ ရန်ကုန်မြို့ ကနေ
ထွက်ခွါသွားပြီဖြစ်ပါတယ်။ ကျိုက်ထိုမြို့ရှိ စိမ်းလဲ့တင် ဟိုတယ်မှာ ခေတ္တနားနေပြီးမှ
 မော်လမြိုင်မြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သိရပါတယ်။

မတ်လ ၁၁ ရက်နေ့မှာ ပါတီစည်းရုံးရေးအတွက် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
မော်လမြိုင်နဲ့  ၆မိုင်အကွာရှိ ကျိုက်မရော မြို့နယ်အနီး ကားလမ်းမဘေးက
ကျွဲခြံကုန်းကျေးရွာ ဘောလုံးကွင်းမှာ လူထုဟောပြောပွဲကျင်းပမှာဖြစ်ပါတယ်။

ဒီကနေ့ ညနေမှာတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်တို့  မော်လမြိုင်မြို့ရှိ Strand Hotel မှာ ညစာစားပွဲပြုလုပ်ရင်းတွေ့ ဆုံဖို့ ရှိပါတယ်။ 

ကြားဖြတ်ရွေးကောက်ပွဲအတွက် မော်လမြိုင်မြို့ နယ် လစ်လပ်မဲဆန္ဒနယ်ဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာမှာ NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ် အပါအဝင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် တစညပါတီတို့လည်း ဝင်ရောက်ယှဉ်ပြိုင် 
ဖို့ ရှိပါတယ်။

No comments:

Post a Comment