Friday, March 9, 2012

မျှော်လင့်ခြင်း

ဖြတ်ကနဲ အကြည့်တစ်ချက်မှာ ငါ့ရင်တွေသိမ့်ခါခဲ့ရပြီ..။ အချစ်လို့ မပြီမပြင် ကဗျည်းထိုးရင်း ငါ့နှလုံးသားက မင်းကို တွယ်တာနှောင်ရစ်နေခဲ့မိပြီ။ ပွင့်ပွင့်လင်းလင်းဝန်ခံရရင် မင်းက ငါ့ရဲ့ အိမ်မက်ဖြူဖြူထဲက သတို့သမီး..။ မင်းသာရှိနေမယ်ဆို မနိုးသော အိပ်ချင်းမျိုးလဲ အိပ်စက်ချင်ပါတယ် ချစ်သူ။ မင်းရဲ့ မျက်ဝန်းတွေကြားမှာ ငါ့ဖြစ်တည်မှုရပ်တန့်သွားမယ်ဆိုတောင် ကျေနပ်နေမဲ့ ကောင်ပါ..။ ယုံပါကွာ နှစ်ခါ မပြောချင်ဘူး မင်းကို သိပ်ချစ်တယ်။ ဖြစ်နိုင်မယ်ဆို မင်းဆော့ကစားဖို့အတွက် ငါ့ဘ၀ကို မင်းလက်ထဲ ယုံယုံကြည်ကြည် ပေးအပ်ချင်တယ် လိုသလို အသုံးချပေါ့ ချစ်သူ။ ဒီလိုချစ်တဲ့ငါ့ကို ဘာကြောင့်များ ရက်ရက်စက်စက်ခွဲထားခဲ့ရတာလဲ ချစ်သူရယ်..။ ငါ့ဘ၀တစ်ခုလုံး ပျက်သုဉ်းအောင် နင်ရှောင်ပုန်းသွားခဲ့တာလား..။ နင်စုတ်ဖြဲထားခဲ့တဲ့ ရင်ခွင်ကတော့ အချိန်ပြည့်မင်းကို တမ်းတနေတယ်ဆိုတာ ကြင်နာသူလေး သိနေမှာပါ

No comments:

Post a Comment