အလှဆုံးသာပ
အားလုံးရယ်တဲ့ငှက်များတွင်
ရွှေဥဒေါင်းရယ်လို့
ငြိမ့်ညောင်းတွန်သံသာလှ
ဆန်းကြယ်စွာစိတ်ကြည်နူးအောင်
ထူးတဲ့အသွင်။
နေမင်းနွယ်ဆွေဘုရားရယ်သို့
ဝေတင့်တယ်အသရေခြားသည်ဟု
ငွေများမှာတဲ့တံဆိပ်တင်
နိမိတ်မြင်ကမင်္ဂလာရှိ။
မြန်မာနွယ်
ကမ္ဘာဝယ်ထင်အလင်းသာပ
ဆင်မြင်းဗိုလ်ပါရံလို့
မြကဒဏ်သီဟာစိုးစဉ်က
ဒေါင်းအလံစိုက်ကါထိုးကြတယ်
ဖိုးထိုက်ပါဘိ။။
အမည်မသိရှေးစာဆို
No comments:
Post a Comment