Friday, February 24, 2012

အစိုးရနဲ့ မွန်ပြည်သစ်ပါတီ အချက် ၅ ချက်သဘောတူလက်မှတ်ရေးထိုး
အစိုးရ၏ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ဖေဖော်ဝါရီ ၂၅ရက် နံနက်ပိုင်းတွင် မော်လမြိုင်မြို့ Strand Hotel တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပစဉ်။
ဓာတ်ပုံ-နေလင်းထွန်း
 
ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့မှ ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်ဆဲရေးအပါအဝင် အချက်ငါးချက်ကို နှစ်ဘက်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။
ထို့အပြင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ပဏာမသဘောတူညီချက်လေးချက်ကိုလည်း သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ကို ပြည်ထောင်စုဝန်ကြီးများဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ ဦးဆောင်ပြီး မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးနိုင်ရော့စ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မော်လမြိုင်မြို့ရှိ Strand Hotel တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment