မနက်ဖြန်အတွက် မိုးရွာရန် ရာခိုင်နှုန်း ၅၀ ဖြစ်ပါတယ် ။
မနက်ဖြန် အတွက် ခန့်မှန်းချက်ကတော့ သာသာယာယာရှိပါမယ်.......
ဘဂင်္လားပင်လယ်အော်မှာ မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ မရှိပါ။
ဒါဟာ ကျွန်တော်တို့ နေ့စဉ်ကြားနေရတဲ့ မိုးလေ၀သ ခန့်မှန်းချက်တွေဖြစ်ပါတယ် ။ ရာသီဥတု ဆိုတာ ယတိပြတ်ပြောလို့ မရနိုင်ပါဘူးအခြေအနေပေါ်မူတည်ပြီ
အခြေအနေ ပေးမှ လုပ်မယ်ဆို ကျွန်တော် ရွေးချယ်မှုတွေက နောက်ကျနေပါ လိမ့်မယ် ။
ဒီပတ်ဝန်းကျင် ဒီအခြေအနေ ဒီလို ပညာရေး ဒီလို ကျမ်းမာရေး ဒီလို ဆင်းရဲဒုက္ခတွေ ရှိနေလို့ ဆိုပြီး အကြောင်းပြနေမယ်ဆိုရင် ကျွန်တော်တို့ ရှေ့ဆက်လို့ မရပါဘူး ဘဲဥ အစရှာ နေသလို ဖြစ်နေ ပါလိမ့်မယ်။
ရွေးချယ်လို့ မရနိုင်ရင် ကျွန်တော် တို့ နိုင်သလောက် အဖြေရှာရပါမယ် အပြစ်တင်နေမယ်ဆိုရင်တော့ အဖြေမထွက်နိုင်ပါဘူး ။
သူများတိုင်းပြည်တွေထက် ကျွန်တော်တို့ တိုင်းပြည်မှာ ရွေးချယ်စရာက များများစားစားမရှိတာတော့ အမှန်ပဲ ဖုန်းဝယ်မယ်ဆိုလည်းအစိုးရ ဆီက ကားဝယ်မယ်ဆိုလည်း အစိုးရ ဆီက ပညာရေးဆိုလည်း အစိုးရ ချယ်လှယ်ထားတယ် ။ လူငယ်တွေရဲ့ အနာဂတ်ကိုတောင်အစိုးရ က ချယ်လှယ်နေတယ် အစိုးရကတော့ အာဏာရှင်တို့ ထုံးနန်းအစဉ်အလာအတိုင်း အင်အားကို မတော်မတရားသုံးပြီး ဖိနိပ်နေတာပါ လူငယ်တွေရဲ့ ဘ၀က ဆယ်တန်းအောင်ပြီဆိုတာလည်း ဘာရွေးချယ်ကြမလဲ ဆိုတဲ့ မေးခွန်းက တကယ့်ပြသနာပါအရွယ်ရောက်နေတဲ့ လူတယောက်ဆိုတော့ အရာရာကို တိုးတက်ချင်တဲ့ မျက်စေ့နဲ့ ကြည့်တာပါပဲ ခက်တာက ရွေးချယ်စရာက လက်ချိုးရေရင်တောင် လက်တဘက်စာ ပြည့်ရင် ကံကောင်းပါတယ် ။ နောက်ဆုံးကျတော့ မိဘရဲ့ ယူဆချက်နဲ့ ရွေးချယ်ရတဲ့ အနေအထားကို ရောက်လာတော့တာပါပဲ ကိုယ်တိုင် လုပ်နိုင် မလုပ်နိုင် မစဉ်းစားတော့ပဲ အလုပ်ရရင် ပီးရောဆိုတဲ့ တွေးခေါ်ပုံဟာကမောက်ကမ ဘ၀ တွေကို ဖန်တီးပါတော့တယ် ။ ပညာရှင် ဘ၀ကို ရောက်ဖို့ထက် လက်မှတ်ကို ငွေနဲ့ ၀ယ်ရတဲ့ ဘ၀ဖြစ်သွားပါတယ်။ ပန်းသီးပင်စိုက်ပြီး လိမ္မော်သီး စားချင်နေတဲ့ အဖြစ်ပါပဲ။
ငွေနောက်ကို ရွေးချယ်မယ်ဆိုရင် ငွေတော့ရချင်ရပါလိမ့်မယ် ဒါပင်မဲ့ အဓိပါယ်ရှိတဲ့ ဘ၀ကိုတော့ ရောက်မှာ မဟုတ်ပါဘူး။ လူတယောက်ချင်းစီရဲ့ ဘ၀တွေ ကမောက်ကမ ဖြစ်နေမှာတော့ အဲဒီတိုင်းပြည်ရဲ့ အခြေအနေကလည်း ကမောက်ကမ ဖြစ်နေမှာအသေအချာပါပဲ ။ လေယာဉ်ပျံ တစီးမှာ မူလီလေး တခု ပြုတ်သွားတာနဲ့ လေယာဉ်ပျက်ကျ နိုင်တဲ့ အနေအထားကို ရောက်သွား နိုင်ပါတယ်။
တိုင်းပြည်တခုမှာ ပြည်သူတွေရဲ့ ဘ၀တွေ ပြုတ်ထွက်သွားရင် တိုင်းပြည်လည်း ချောက်ထဲကို ထိုးဆင်းရတာပါပဲ ။
ပြည်သူတွေ ဘ၀ များများပျက်လေ ချောက်ထဲကို ကျတဲ့ အရှိန်ကလည်း များလေပါပဲ ။
( ဒါက ရွေးချယ်မှု အမှန်နဲ့ အမှား ကျွန်တော့်ယူဆချက်ပါ)
ကျွန်တော်တို့ လိုချင်တာနဲ့ ရွေးချယ်မှု ထပ်တူကျမှဘ၀မှာ အောင်မြင်မှု ဆိုတာ ဖြစ်လာမှာပါ ။ ငွေရလို ဇောနဲ့သာ အလုပ်လုပ်မယ်ရွေးချယ်ကြမယ်ဆို
အသက်နဲ့ အလောင်းအစား လုပ်ပြီးရွေးရတဲ့ ရွေးချယ်မှုတွေလည်း လောကမှာ ရှိပါတယ် ။ ၆ လပဲ နေထိုင်လို့ ရမယ် ဆိုတဲ့ ....
ကင်ဆာရောဂါ သည်တယောက်အတွက် ဓါတ်ကင်မလား ဒီအတိုင်း အသေခံမလားဆိုတာ သူရဲ့ ရွေးချယ်ခွင့်ပါ။ ကြိုက်တဲ့ လမ်းကို
ရွေး ဒါပင်မဲ့ အဆုံးမှာ သေချင်းတရားက ရှိနေပါတယ် ။ မသေတဲ့ လမ်းဆိုတာတော့ မရှိပါဘူး ။ သေမဲ့ အတူတူ ဒီအတိုင်းအသေခံမလား စွန့်စားပြီ ဆေးကုမလားဆိုတာတော့ တဦးချင်းရဲ့ ရွေးချယ်မှု ပါပဲ ။




No comments:
Post a Comment