Wednesday, February 22, 2012

ကားဖြတ်ရွေးကောက်ပွဲကာလများတွင် နိုင်ငံတကာ လေ့လာသူများနှင့် သတင်းထောက်များကို လက်ခံဖွယ်ရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ- ၂၂

ကြားဖြတ်ရွေးကောက်ပွဲနှင့်မဲဆွယ် စည်းရုံးကာလများတွင် နိုင်ငံတကာမှ စောင့်ကြည့်သူများနှင့် ပြင်ပမှ သတင်းထောက်များအား ခွင့်ပြုရန် အထူးစဉ်းစားနေသည်ဟု သမ္မတဦးသိန်းစိန်ကပြောကြောင်း  အာဆီယံအတွင်းရေးမှူးချုပ်က သတင်းထောက်များသို့ပြောသည်။

“အပြင်ကသတင်းထောက်တွေနဲ့ နိုင်ငံတကာလေ့လာတဲ့သူတွေကို ရွေးကောက်ပွဲမတိုင်ခင်နဲ့ ရွေးကောက်ပွဲကာလမှာ လေ့လာခွင့်ပြုတာဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကိုသွားတဲ့ လမ်းကြောင်းမှန်ဖြစ်တယ်လို့ပြောခဲ့ပါတယ်”ဟု အာဆီယံအတွင်းရေးမှူးချုပ်ဒေါက်တာဆူရင်ပစ်ဆူဝမ်က ပြောသည်။

၎င်းအနေဖြင့် ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲကလည်း ရန်ကုန်တွင်ရှိသော အာဆီယံနိုင်ငံများမှ သံတမန်များအား လေ့လာခွင့်ပြုရန်တောင်းဆို ခဲ့ဖူးကြောင်းပြောကြားသည်။ယနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည်သူမနေအိမ်၌ တွေ့ဆုံခဲ့ကြသည်။

No comments:

Post a Comment