အစိုးရနဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ KIO တို့ ဖြစ်ပွားနေတဲ့ စစ်ကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ပြေး ဒုက္ခသည်တွေဟာ ရာသီဥတု ဆိုးရွားတာကြောင့် ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ ရှိနေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
တရုတ် မြန်မာနယ်စပ်မှာ ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒုက္ခသည် ငါးသောင်းခန့်ရှိပြီး နယ်စပ်တလျှောက် စခန်းပေါင်း သုံးဆယ်ကျော် ရှိနေပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းတဲ့အပြင် လက်ရှိ ရာသီဥတု အေးလွန်းတာကြောင့် အဖျားအနာ များလာနေတယ်လို့ ကချင် ကယ်ဆယ်ရေးအဖွဲ့ WPN အဖွဲ့ဝင် ဒေါ်မေရီအောင်က ပြောပါတယ်။ လောလောဆယ် ကလေးသူငယ်နဲ့ သက်ကြီး ရွယ်အိုတွေ အအေးမိ ဖျားနာကြသလို လေဖြတ်ပြီး သေဆုံးကြတာ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၀မ်းကိုက် ၀မ်းလျှောရောဂါတွေ အဖြစ်များတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေ မရှိတဲ့အပြင် အိမ်သာလည်း အလုံအလောက် မရှိဘူးလို့ ဒေသခံ အန်ဂျီအို တစ်ခုဖြစ်တဲ့ WPN အဖွဲ့ ၀န်ထမ်းတစ်ဦးက ကုလသမဂ္ဂ အေဂျင်စီကို ပြောပါတယ်။ ဒုက္ခသည် စခန်းတစ်ခုမှာဆိုရင် စစ်ပြေးဒုက္ခသည် တစ်ထောင့်နှစ်ရာလောက်မှာ အိမ်သာ ငါးလုံးသာ ရှိပြီး သောက်ရေကလည်း နီးစပ်ရာ ချောင်းတွေနဲ့ တွင်းရေကိုသာ အသုံးပြုရတယ်လို့ ဆိုပါတယ်။ WPN အဖွဲ့က ဒေါ်မေရီအောင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၂၈)ရက်နေ့က ခမရ(၃၂၁) မှ ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည့် မဆွမ်လွတ်ရွယ်ဂျာ၏ ခင်ပွန်း ဖြစ်သူက ဇနီးသည်အတွက် နေပြည်တော် တရားလွှတ်တော်ချုပ်တွင် ဦးတိုက် လျှောက်ထားခဲ့ခြင်းသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ခိုင်ဘန်ကျေးရွာ တောင်သူ မဆွမ်လွတ်ရွယ်ဂျာမှ အမျိုးသား ဖြစ်သူနှင့် ၄င်း၏ဖခင်နှင့် အတူ တောင်ယာသွာချိန်တွင် ခမရ(၃၂၁)ခြေမြန်တပ်မှ KIA ဟု စွပ်ဆွဲကာ ဖဖ်းဆီး သွားခြင်းဖြစ်ပြီး၊ အမျိုးသားနှင့် ၄င်း၏ ဖခင်မှာ ပြန်လည်ထွက်ပြေးလွတ်မြောက်ခဲ့ေ သ်ာလည်း သူမမှာ လက်ရှိ အချိန်ထိ အဆိုပါစစ်တပ်မှ လွတ်မြောက်လာခြင်း မရှိကြောင်း ဦးမာခါးကပြောသည်။
မတရားဖမ်းဆီးခံထားရမှုအတွက် တရားလွှတ်တော်ချုပ်သို့ ကချင်ပြည်နယ်မှ လျောက်ထားသူ နှစ်ဦး ထပ်မံ၍ ရှိသေးကြောင်း ဦးမာခါးက ဆိုသည်။
ခလရ (၃၇) တပ်ရင်းမှ ဖမ်းဆီးခြင်းခံနေရသည်ဟု ဆိုသည့် တာလောကြီးကျေးရွာသားများမှာ ဦးဘရန်ဆိုင်းနှင့် ဇော်ဆိုင်း တို့ ဖြစ်ပြီး ၄င်းတို့၏ ကိုယ်စား ဇနီးနှင့် အမေ ဖြစ်သူတို့က တရား လွတ်တော်ချုပ်သို့ လျောက်ထားပေးခြင်းဖြစ်သည်။
“သူတို့ပြောတာတော့ တာလောကြီး အထက်ဘုန်ကြီးကျောင်းမှာ ဖမ်းထားတဲ့ သူတွေ တော်တော် များများ ရှိသေးတယ်၊ သူတို့ နှစ်ယောက်ကတော့ ကျွန်တော့်ဆီ ရောက်လာလို့ လုပ်ပေးတာပါ ‘’ ဟု ဦးမာခါးက ပြောသည်။
ရှေ့တော်သွင်းစာချွန်တော် အမိန့်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ၁၉၄၇ခုနှစ်မှ၁၉၆၁ခုနှစ် အထိသာသုံးစွဲခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၁ခုနှစ် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းပြီး ပြန်လည်အသက်ဝင် လားခြင်းဖြစ်သည်။ ထို့ပြင်၂၀၀၈ ဖွဲ့စည်း….ပုဒ်မ၂၁(ခ)တွင် တရားရုံး၏ ခွင့်ပြုချက်မရက နိုင်ငံသားတစ်ဦးကို၂၄နာရီ ထက် ကျော်လွန်၍ ဖမ်းဆီး ချုပ်နှောင် ထားခြင်းမပြုရ ဟုပြဌာန်းထားသည်။
ဖေဖေါ်ဝါရီ ၁၊ ၂၀၁၂ (YPI) တရုတ် မြန်မာနယ်စပ်မှာ ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒုက္ခသည် ငါးသောင်းခန့်ရှိပြီး နယ်စပ်တလျှောက် စခန်းပေါင်း သုံးဆယ်ကျော် ရှိနေပါတယ်။ ပတ်ဝန်းကျင် ညစ်ညမ်းတဲ့အပြင် လက်ရှိ ရာသီဥတု အေးလွန်းတာကြောင့် အဖျားအနာ များလာနေတယ်လို့ ကချင် ကယ်ဆယ်ရေးအဖွဲ့ WPN အဖွဲ့ဝင် ဒေါ်မေရီအောင်က ပြောပါတယ်။ လောလောဆယ် ကလေးသူငယ်နဲ့ သက်ကြီး ရွယ်အိုတွေ အအေးမိ ဖျားနာကြသလို လေဖြတ်ပြီး သေဆုံးကြတာ ရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ၀မ်းကိုက် ၀မ်းလျှောရောဂါတွေ အဖြစ်များတယ်လို့ သိရပါတယ်။ သန့်ရှင်းတဲ့ သောက်သုံးရေ မရှိတဲ့အပြင် အိမ်သာလည်း အလုံအလောက် မရှိဘူးလို့ ဒေသခံ အန်ဂျီအို တစ်ခုဖြစ်တဲ့ WPN အဖွဲ့ ၀န်ထမ်းတစ်ဦးက ကုလသမဂ္ဂ အေဂျင်စီကို ပြောပါတယ်။ ဒုက္ခသည် စခန်းတစ်ခုမှာဆိုရင် စစ်ပြေးဒုက္ခသည် တစ်ထောင့်နှစ်ရာလောက်မှာ အိမ်သာ ငါးလုံးသာ ရှိပြီး သောက်ရေကလည်း နီးစပ်ရာ ချောင်းတွေနဲ့ တွင်းရေကိုသာ အသုံးပြုရတယ်လို့ ဆိုပါတယ်။ WPN အဖွဲ့က ဒေါ်မေရီအောင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မဆွမ်လွတ်ရွယ်ဂျာအမူကို ဖေဖော်ဝါရီ ၉ ရက်နေ့ ကြားနာမည်
မြန်မာစစ်တပ်မှ ဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု ဆိုသည့် မဆွမ်လွတ်ရွယ်ဂျာအမှုကို နေပြည်တော် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၌ လာမည့် ဖေဖော်ဝါရီလ(၉) ရက်နေ့တွင် ကြားနာစစ်ဆေးမည် ဖြစ်ကြောင်း အမှု အတွက် အကူညီပေးနေသူ အထက်တန်းရှေ့နေ ဦးမာခါး က ပြောသည်။
“စစ်တပ်က တာဝန်ရှိသူတွေလည်း လာရမယ်။ မလာလို့မရဘူး၊ ပြည်တောင်စု တရားလွတ်တော်ချုပ်က ဆင့် ခေါ်စာ ပို့ပြီးထားပြီ။ legal justice ဘယ်လောက် အလုပ်ဖြစ်မဖြစ်ဆိုတာ အဖြေ တခုရပါလိမ့်မယ်”ဟု ၄င်း က ပြောသည်။၂၀၁၁ခုနှစ်၊ အောက်တိုဘာလ(၂၈)ရက်နေ့က ခမရ(၃၂၁) မှ ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည့် မဆွမ်လွတ်ရွယ်ဂျာ၏ ခင်ပွန်း ဖြစ်သူက ဇနီးသည်အတွက် နေပြည်တော် တရားလွှတ်တော်ချုပ်တွင် ဦးတိုက် လျှောက်ထားခဲ့ခြင်းသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ခိုင်ဘန်ကျေးရွာ တောင်သူ မဆွမ်လွတ်ရွယ်ဂျာမှ အမျိုးသား ဖြစ်သူနှင့် ၄င်း၏ဖခင်နှင့် အတူ တောင်ယာသွာချိန်တွင် ခမရ(၃၂၁)ခြေမြန်တပ်မှ KIA ဟု စွပ်ဆွဲကာ ဖဖ်းဆီး သွားခြင်းဖြစ်ပြီး၊ အမျိုးသားနှင့် ၄င်း၏ ဖခင်မှာ ပြန်လည်ထွက်ပြေးလွတ်မြောက်ခဲ့ေ
မဆွမ်လွတ်ရွယ်ဂျာ၏ သားနှင့် ယောက္ခမ
ခင်ပွန်းဖြစ်သူ မရူလွမ်းခေါင် က တရားလွတ်တော် ချုပ်ရုံးတွင် ဇန်န၀ါရီလ (၂၆) ရက်နေ့က လျောက်ထားခဲ့ပြီး (၂၇) ရက် နေ့တွင် တရားလွတ်တော်ချုပ်မှ ရှေ့တော်သွင်းစာချွန်လွာကို လက်ခံခဲ့သည့်အတွက် ဖေဖော်ဝါရီလ(၉) ရက်နေ့တွင် နှစ်ဖက်ကြားနာ စစ်ဆေးရန် ထုတ်ပြန်ခြင်းဖြစ်သည်။မတရားဖမ်းဆီးခံထားရမှုအတွက် တရားလွှတ်တော်ချုပ်သို့ ကချင်ပြည်နယ်မှ လျောက်ထားသူ နှစ်ဦး ထပ်မံ၍ ရှိသေးကြောင်း ဦးမာခါးက ဆိုသည်။
ခလရ (၃၇) တပ်ရင်းမှ ဖမ်းဆီးခြင်းခံနေရသည်ဟု ဆိုသည့် တာလောကြီးကျေးရွာသားများမှာ ဦးဘရန်ဆိုင်းနှင့် ဇော်ဆိုင်း တို့ ဖြစ်ပြီး ၄င်းတို့၏ ကိုယ်စား ဇနီးနှင့် အမေ ဖြစ်သူတို့က တရား လွတ်တော်ချုပ်သို့ လျောက်ထားပေးခြင်းဖြစ်သည်။
“သူတို့ပြောတာတော့ တာလောကြီး အထက်ဘုန်ကြီးကျောင်းမှာ ဖမ်းထားတဲ့ သူတွေ တော်တော် များများ ရှိသေးတယ်၊ သူတို့ နှစ်ယောက်ကတော့ ကျွန်တော့်ဆီ ရောက်လာလို့ လုပ်ပေးတာပါ ‘’ ဟု ဦးမာခါးက ပြောသည်။
ရှေ့တော်သွင်းစာချွန်တော် အမိန့်သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ၁၉၄၇ခုနှစ်မှ၁၉၆၁ခုနှစ် အထိသာသုံးစွဲခဲ့ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၁ခုနှစ် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းပြီး ပြန်လည်အသက်ဝင် လားခြင်းဖြစ်သည်။ ထို့ပြင်၂၀၀၈ ဖွဲ့စည်း….ပုဒ်မ၂၁(ခ)တွင် တရားရုံး၏ ခွင့်ပြုချက်မရက နိုင်ငံသားတစ်ဦးကို၂၄နာရီ ထက် ကျော်လွန်၍ ဖမ်းဆီး ချုပ်နှောင် ထားခြင်းမပြုရ ဟုပြဌာန်းထားသည်။
တောင်ကြီးမြို့နယ်မှ စိုက်ပျိုးခြံများအား စစ်တပ်မှသိမ်းယူရန် ပြင်ဆင်
ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်၊ နမ့်ဆီးကျေးရွာနှင့် ပင်ငိုကျေးရွာရှိ ဒေသခံများ၏ စိုက်ပျိုးခြံများအား စစ်တပ်မှသိမ်းယူရန်အတွက် ပြင်ဆင်လျက်ရှိကြောင်း ယင်းဒေသမှ ဒေသခံ ခွန်ခမ်းကောင်းက ပြောသည်။
“ခြံတွေထဲကိုလာပြီး တပ်မြေဆိုတဲ့ စာတမ်းပါတဲ့တိုင်တွေ လာစိုက်တယ်။ ဒေသခံရွာသားတွေအနေနဲ့ ဒီကိစ္စကို တော်တော်လေး စိုးရိမ်နေတယ်။ မစားနိုင်မအိပ်နိုင်နဲ့ဖြစ်ပြီး စိတ်ညစ်နေကြရတယ်။ ဒေသခံတွေအနေနဲ့က စိုက်ပျိုးရေးပဲလုပ်တတ်တာလေ။ အဲဒီတော့ သူတို့စားဝတ်နေရေးအတွက် စိုးရိမ်နေကြတာပေါ့” ဟု ၎င်းကဆိုသည်။
ယခုလို တပ်မြေအဖြစ် သတ်မှတ်ခံရသည့် စိုက်ပျိုးဧကပေါင်း ၆၁၀ ကျော်ရှိပြီး ယင်းမြေများပေါ်တွင် ဂျုံ၊ ကြက်သွန်ဖြူ၊ ပဲစင်းငုံ၊ စတော်ဘယ်ရီ နှင့် ဟင်းသီးဟင်းရွက်အစုံတို့ကိုစို
လယ်ယာမြေများအား တပ်ပိုင်မြေ အဖြစ်သိမ်းယူလျှက်ရှိသည့် ကိစ္စနှင့်ပတ်သက်၍ လယ်သမားအရေးဆောင်ရွက်သူ ရှေ့နေ ကိုဖိုးဖြူက “အရင်က လယ်သိမ်းတာတွေက ခေါင်းစဉ်တပ်သိမ်းတဲ့အတွက် ကျွန်တော်တို့လုပ်ပေးရတာလွယ်တယ်
အလားတူကိစ္စရပ်များ ထပ်မံမဖြစ်ပွားစေရေးအတွက် ယခုလွှတ်တော်တွင်းဆွေးနွေးလျက်ရှ
ဇန်န၀ါရီလ ၃၀ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည့် မြေလွတ်မြေရိုင်းဥပဒေတွင် တရားဝင်စာရင်းမရှိသော လယ်သမားများအတွက် ဥပဒေဖြည့်စွက်ခဲ့သည့် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “တောသူတောင်သားဆိုတာ တရားဝင်ဖြစ်တာ မဖြစ်တာ မသိဘူး။ ဒါပေမယ့် သူတို့ဘာသာ ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက်နေကြသူတွေပါ။ ဒီလိုလူတွေကို ကာကွယ်နိုင်မယ့်ဥပဒေပြဌာန်းနို
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ယင်းကိစ္စအား နိုင်ငံတော်သမ္မတရုံး၊ နေပြည်တော် ကြံ့ခိုင်ဖွံ့ဖြိုးရေး ရုံးချုပ်တို့သို့ လိပ်မူတိုင်ကြားခဲ့ သော်လည်း နိုင်ငံတော် သမ္မတအနေဖြင့် ယခုအချိန်ထိ ၎င်းတို့၏တိုင်ကြားစာကို ဖတ်ရှုနိုင်ခြင်းမရှိသေးဟု နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဝင် အဆက်အသွယ်များထံမှ သိရကြောင်း ခွန်ခမ်းကောင်းက ဆက်လက်ပြောကြားသည်။ ။
အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားဖို့ KNU ခေါင်းဆောင် သတိပေး
အစိုးရနဲ့ လက်ရ ငြိမ်းချမ်းရေး ဆွေးနွေးမှုဟာ ခိုင်မာမှု မရှိသေးကြောင်း၊ ငြိမ်းချမ်းရေးမရရင် ဆက်လက် တိုက်ပွဲဝင်ရမှာ ဖြစ်ကြောင်း ဒီကနေ့ ကျရောက်တဲ့ ၆၃ နှစ်မြောက် ကရင့် တော်လှန်ရေးနေ့မှာ ကေအန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောတာမလာဘောက ကေအန်ယူ တပ်ဖွဲ့ဝင်တွေကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ကေအန်ယူနဲ့ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ဟာ အခုလ ၁၂ ရက်က ကရင်ပြည်နယ် ဘားအံမြို့မှာ အပစ်အခတ် ရပ်စဲရေးအတွက် ပဏာမ သဘောတူညီချက် နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီသဘောတူညီချက်တွေဟာ အပစ်အခတ် ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးတို့အတွက် အစပျိုးတဲ့ ခြေလှမ်းလေးတွေ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး စောတာမလာဘောက ပြောပါတယ်။ ကရင်ပြည်နယ် ဦးကရေခီး ကျေးရွာမှာ ဒီကနေ့ ပြုလုပ်တဲ့ တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားကို ကေအန်ယူ တပ်ဖွဲ့ဝင် ၂၀၀ ကျော် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ကေအန်ယူအဖွဲ့ဟာ ၁၉၄၉ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်မှာ မြန်မာအစိုးရကို စတင် လက်နက်စွဲကိုင် တော်လှန်ခဲ့ပြီး ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။
မြန်မာ့နိုင်ငံရေး ပိုမိုပြောင်းလဲဖို့ လိုသေး ကိုဇာဂနာ ပြော
2012-01-31
ကိုမင်းကိုနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသား အတော်များများ လွတ်လာတယ် ဆိုပေမယ့် ပုဒ်မ ၄၀၁ နဲ့ လွှတ်ပေး လိုက်တာဖြစ်လို့ အပြည့်အဝ ဝမ်းသာစရာ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုကို ခေတ္တ ရောက်နေတဲ့ လူရွှင်တော် ကိုဇာဂနာက မနေ့က ပြောလိုက်ပါတယ်။လက်ရှိ မြန်မာ့နိုင်ငံရေးဟာ ပြောင်းလဲ နေတယ်ဆိုပေမယ့် ဒီထက်မက ပိုပြီးလုပ်ရမှာတွေ ရှိသေးတယ်လို့ ကိုဇာဂနာက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ခြမ်း ဒါးလပ်စ်လေဆိပ် အရောက်မှာ အာအက်ဖ်အေကို ပြောလိုက်တာပါ။ ကိုဇာဂနာနဲ့အတူ NLD က ဒေါ်ခင်သန်းမြင့်၊ NDF ပါတီက ဒေါ်ဘောက်ဂျာတို့ဟာ မနက်ဖြန် ဖေဖေါ်ဝါရီ ၂ ရက် မနက်မှာတော့ ဝါရှင်တန် ဒီစီမြို့တော်မှာရှိတဲ့ National Endowment for Democracy လို့ခေါ်တဲ့ မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်း ဒီမိုကရေစီရေးကို ထောက်ပံ့ နေတဲ့အဖွဲ့က ကြီးမှူးကျင်းပတဲ့ မြန်မာ့အရေး ဟောပြောပွဲမှာ တက်ရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။ ကိုဇာဂနာဟာ ဖေဖော်ဝါရီ ၄ ရက်မှာတော့ မေရီလန်း၊ ဗာဂျီနီးယားနဲ့ ဝါရှင်တန် ဒီစီပြည်နယ် ၃ ခုမှာ နေထိုင်တဲ့ မြန်မာတွေနဲ့ တွေ့ဆုံပါမယ်။ အဲဒီနောက် နယူးယောက်မြို့ကို ခရီးဆက်မှာ ဖြစ်ပြီး မိသားစုရှိရာ လော့စ်အိန်ဂျလိစ်မြို့ကိုသွားဖိ
စာနယ်ဇင်း ဆိုင်ရာ ဥပဒေမူကြမ်း နိုင်ငံရပ်ခြား ဥပဒေတွေ ကိုးကား
2012-01-31
မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းဖို့ ရေးဆွဲနေတဲ့ စာနယ်ဇင်းဆိုင်ရာ ဥပဒေမူကြမ်းဟာ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားနိုင်ငံက ဥပဒေတွေကို အထူး ကိုးကားထားတယ်လို့ စာပေ စိစစ်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန် မီဒီယာဂရုပ် ဥက္ကဋ္ဌ ကိုကို (စက်မှုတက္ကသိုလ်)က ပြောဆိုလိုက်ပါတယ်။ AFPစာနယ်ဇင်းများကို ရောင်းချရန် ပြင်ဆင် ခင်းကျင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။
မြန်မာအစိုးရ ရေးဆွဲနေတဲ့ စာနယ်ဇင်းဆိုင်ရာ ဥပဒေမူကြမ်းဟာ လွတ်လပ်စွာ ရေးသား ပုံနှိပ်ထုတ်ဝေခွင့် ဘယ်လောက် ပါရှိမလဲလို့ အာအက်ဖ်အေက မေးမြန်းတဲ့အခါ ဦးကိုကိုက အခုလိုပြောဆိုလိုက်တာပါ။ ဒီဥပဒေ ပေါ်လာရင် စာပေစိစစ်ရေး ရှိတော့မှာ မဟုတ်ကြောင်း၊ စာနယ်ဇင်းတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ မဟုတ်ဘဲ လွတ်လပ်ခွင့် ပေးတဲ့ ဥပဒေ ဖြစ်ကြောင်း ဦးတင့်ဆွေက ပြောသွားတယ်လို့လည်း ဆိုပါတယ်။ ဒီဥပဒေ ပြဋ္ဌာန်းပြီးရင် နေ့စဉ် ထုတ်ပုဂ္ဂလိက သတင်းစာတွေလည်း ထုတ်ဝေခွင့် ရလာနိုင်ဖွယ် ရှိတယ်လို့ ဦးကိုကိုက ခန့်မှန်းပြောဆိုပါတယ်။ ဒါပေမယ့် ဒီဥပဒေသစ်အရ စာနယ်ဇင်းလောက ပိုမို ကောင်းမွန်လာမလား ဆိုတာကိုတော့ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို မသိရသေးတာက တစ်ကြောင်း၊ လွှတ်တော် အဆင့်ဆင့်ကလည်း ဆွေးနွေး အတည်ပြုဦးမှာ ဖြစ်တာက တစ်ကြောင်းကြောင့် ကြိုတင် ပြောလို့မရဘူးလို့ ဦးကိုကိုက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ နဲ့ ၃၁ ရက်မှာကျင်းပခဲ့တဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခုမှာ သတင်းမီဒီယာကို ဘယ်လို ဖွံ့ဖြိုးအောင်လုပ်ကြမလဲဆိုတဲ့ စာနယ်ဇင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာတော့ Code of Ethics ဆိုတဲ့ စာနယ်ဇင်း ဆိုင်ရာ ကျင့်ဝတ် ရေးဆွဲရေး သဘောတူညီမှု ရသလို ကျင့်ဝတ် ရေးဆွဲရေး ကော်မတီတစ်ခု ဖွဲ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စာနယ်ဇင်း သင်တန်းကျောင်း ပေါ်ပေါက်ရေးကို ဆက်လက် ဆောင်ရွက် သွားကြဖို့ သဘောတူကြတယ်လို့ ဦးကိုကိုက ပြောပါတယ်။ အခြေခံပညာ သင်ရိုးကို ပြည်နယ်နှင့် တိုင်းအလိုက် ရေးဆွဲရမည် by YPI
အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာကို ပြည်နယ်နှင့်တိုင်း အလိုက် ရေးဆွဲ ရတော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်အဖွဲ့ဥက္ကဋ္ဌနှ
“ ဒီစကားကို အထပ်ထပ်ပြောခဲ့ပါတယ်၊ မိဘရော ဆရာရော အားလုံး သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာ ကိုဆွဲဆောင်နိုင်အောင် ကြိုးစားပါလို့ပြောပါတယ် ” ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် အလယ်တန်းပြဆရာမ တစ်ဦးကပြောသည်။သို့သော် ရေးဆွဲမည့်ကိစ္စနှင့် ပတ်သက်၍ အသေးစိတ်အချက်များကိုမူ ပြောကြားခဲ့ခြင်း မရှိကြောင်းနှင့် ဤသတင်းကို ထိုနေ့ကျမှ သိရကြောင်း တက်ရောက်ခဲ့သူများက ပြောသည်။
ပညာရေးကဏ္ဍနိမ့်ကျနေခြင်းကိုလည်း ညွှန်းကြားရေးမှူးချုပ် ဦးအုန်းမြင့်က ၀န်ခံပြောဆိုခဲ့ကာ ယင်းကဲ့သို့နိမ့်ကျရခြင်းမှာ ပညာရေးဌာန တစ်ခုတည်းနှင့် လုပ်ဆောင်၍မရပဲ တစ်မျိုးသားလုံး ပါဝင်ရမည်ဟု ပြောသည်။အထက်တန်းကျောင်းအုပ် တစ်ဦးက “သင်ရိုးညွှန်းတမ်းပြောင်းသင့်ေ
ဒါက မြေစမ်းခရမ်းပျိုးအနေနဲ့ လုပ်တာဖြစ်လိမ့်မယ်။ ပညာရေးကဏ္ဍနိမ့်ကျနေတာနဲ့ ပတ်သက်ပြီး လူကြီးတွေ သုံးသပ်မှုအရ ချမှတ်တဲ့အစီအစဉ်ပေါ့။ ဒါပေမဲ့လက်ရှိဖြစ်နေတဲ့ subject centre (ဘာသာရပ်ဗဟိုပြုသင်ကြားခြင်း) ကနေ child centre (ကလေးဗဟိုပြုသင်ကြားခြင်း) ဖြစ်မှ အောင်မြင်မှာပါ´´ ဟု အငြိမ်းစားပြည်နယ်ပညာရေးမှူး တစ်ဦးက သုံးသပ်သည်။ ကျောင်းအုပ်ကြီးတစ်ဦးက `` သင်ရိုးညွှန်းတမ်းပြောင်းရုံနဲ့ေ
လက်ရှိမြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအသုံးစရိတ်မှာ GDP ၏ ၀.၇၇% သာရှိပြီး မကြာခင်တွင် ၆.၈ % ခန့်ဖြစ်လာ မည်ဟု မျှော်လင့်ကြောင်း ဦးအုန်းမြင့်က ပြောသည်။ ယူနက်စကို၏ ထုတ်ပြန်မှုအရ GDP ၏ ၇% ရှိရမည်ဖြစ်သည်




No comments:
Post a Comment