Friday, February 24, 2012

လွင့်မျော မြစ်တစင်း



မြစ်တစ်စင်း...
ချစ်ခြင်းတွေ အပြည့်အတင်း
မင်းနဲ့ကိုယ် ကြည်မွေ့သာယာ
စုံ ဆန် တခါ စီးမျော
သမုဒယ ဝန်စည်စလှယ်တွေရော
နားလည်မှု နှောင်ကြိုးတွေပါ
ဖွယ်ဖွယ်ရာရာ တင်ဆောင်လာခဲ့.....။

လက်ချင်းမတွဲ... စိတ်ချင်း မြဲပြီးသား
ကျောချင်းမကပ်... စိတ်ချင်း ထပ်ပြီးထား
နှလုံးသားတွေနဲ့ အသက်ရှု
ကိုယ်တို့....
မြတ်နိုးခြင်းတွေနဲ့ လူ ဖြစ်ကြတယ်....။

တစ တစ တရက် တလ
တနှစ် နှစ်နှစ် နေ့အသစ်တွေ
ဒီရေလို ကျော်ဖြတ်ကုန်ဆုံး
နှောင်ထုံးတွေက ပိုရင့်
အတွယ်အတာ အပွင့်တွေက ပိုသန်
သံယောဇဉ် အညွန့်တွေက ဟိုမှာ ဒီမှာ ခေါင်းထောင်လို့ ထကြ...
သူနဲ့အတူ ဒီဘဝ ဒီတသက်
မလွတ်တမ်း ပွေ့ဖက် ရှိုင်းရှိုင်းနက်နက်
မက်မောမဆုံး... လွင့်မျောဦးမည်....။

No comments:

Post a Comment