စာဖတ်ခြင်းသည် လူအတွက် လွန်စွာ အရေးကြီး၏။
ကိုယ်ခန္ဓာအတွက် လိုအပ်သောအစားကိုစားရသလို စိတ်အတွက်လည်း လိုအပ်သောစာကိုဖတ်ရလေသည်။
ယခုခေတ်သည် အရင်ခေတ်နှင့်မတူ အလွန်ယှဉ်ပြိုင်သောခေတ်ဖြစ်သည်။
ကြီးပွားရေး၊စီးပွားရေး၊လူမှုရေး ထိုအကြောင်းများနှင့်ဆိုင်သော စာများကိုမဖတ်ပါက သိသင့်သလောက်မသိသဖြင့်ခေတ်နောက်
စာဖတ်ခြင်းသည် အသိညဏ်ကိုတိုးပွားစေ၍ မှားသောအယူအဆများကို ပျောက်စေသည်။
ကမ္ဘာကျော် ပုဂ္ဂိုလ်များဖြစ်ကြသော အက်ဒီဆင်၊ သမ္မတလင်ကွန်းး စသည်ပုဂ္ဂိုလ်ကျော်များသည် စာအရမ်းဖတ်သူများဖြစ်ကြသည်။
လူတို့သည် လက်တွေ့အနေဖြင့် မည်သည့်အလုပ်၊မည်သည့်အကြောင်း
နှစ်ပေါင်းများစွာရရှိခဲ့သော လူပေါင်းများစွာတို့၏ အသိပညာ၊ဗဟုသုတများကို စုစည်းထားသော စာအုပ်များကို ဖတ်မှသာလုံလောက်သော အသိညဏ်ကိုရနိုင်ပေသည်။
စာအုပ်တစ်အုပ်ကိုဖတ်တော့မည်ဆို
စာမဖတ်သူသည် ကြီးပွားတိုးတက်ရေးလမ်း၌ အခက်အခဲတွေနဲ့ကြုံတွေ့ပြီး ဆက်မသွားနိုင်ပဲဖြစ်တတ်သည်။
စာဖတ်သူမှာကား လမ်းခရီး၌ အခက်အခဲတို့နှင့်ကြုံတွေ့စေကာမူ ကျော်ဖြတ်သွားနိုင်သည်။
စာဖတ်ခြင်းကြောင့် တိုးတက်ကြီးပွားလာသူတို့၏ စာရင်းကို ပြုစုရမည်ဆိုရင် အလွန်များပြားလှသည်။
ကျွန်မတို့ မြန်မာလူမျိုးများအနေဖြင့် စာဖတ်ခြင်းအလုပ်ကို မိမိနှင့်မဆိုင်ဟု သဘောမထားပဲ
မိမိတို့လူမျိုး၊ မိမိတို့ဘ၀၊ မိမိတို့စာပေ၊ မိမိတို့နိုင်ငံ တိုးတက်ရေးအတွက် စာဖတ်သင့်ပါသည်။
မှတ်ချက်။ ။တတ်သလောက်မှတ်သလောက် ရေးထားခြင်းဖြစ်ပါသည်။
အမှားများပါရှိပါက တောင်းပန်ပါသည်။




No comments:
Post a Comment