မဆုံသောလမ်း..
အပြင်မှာနှင်းဖွေးနေပေမယ့်...
ရင်မှာမအေးတဲ့ ဆောင်းမနက်ခင်းတစ်ခုမှာ
အအေးဒဏ်ကိုအံတုရင်း..
အဖော်မပါဘဲ တစ်ကိုယ်တည်းလျှောက်သွားဖူးခဲ့တယ်။
မထီမဲ့မြင်အပြုခံလိုက်ရတဲ့ ချစ်သူရဲ့အရက်စက်ဆုံးစကားကြောင့်
နာကျည်းချက်တွေ...ရင်မှာပိုက်
ကြေကွဲစွာ...ရူးသွပ်ရင်းနဲ့ပေါ့...။
သူ့ဘ၀မှာ ကိုယ်အမြတ်နိုးဆုံးအရာက
"ရိုးသားမှုနဲ့သစ္စာတရား"
ပြန်ရလိုက်တာ...
" အရောင်ဆိုးထားတဲ့ဟန်ဆောင်မှု"
ရက်စက်တော့မယ်ဆိုတာသိရက်နဲ့ မိုက်မဲခဲ့မိတယ်။
ကိုယ့်အတွက် ပေးခဲ့တဲ့သူ့ရဲ့လက်ဆောင်က...
ဒဏ်ရာအပြည့်နဲ့ပါကင်ပိတ် နှလုံးသားတစ်စုံရယ်...
မျက်ဝန်းမှာခိုတွဲ.. တသွင်သွင်စီးကျနေတဲ့အဆွေးမျက်ရည်တွေရယ်ပေါ့..။
ရာသီတွေပြောင်း နှစ်တွေဟောင်းသွားပေမယ့်
မမေ့ရက်ဆုံးက ချစ်သူရဲ့အပြုံးနဲ့ စကားသံတွေပါ....။
ပဲ့တင်သံပြန်ကြားရတဲ့နေရာဆိုတာ...
ဘယ်တော့မှအဖော်မရှိတတ်ပါဘူး။
ပြန်လာခဲ့ပါချစ်သူ....
မေ့တတ်တဲ့လောကကြီးက
နင့်ကို...အသစ်တစ်ဖန် ဆီးကြိုနေပါလိမ့်မယ်
ငါလည်း... ပန်းသီးတစ်လုံးပြင်ထားတယ်။
No comments:
Post a Comment