Friday, February 3, 2012

မြန်မာပြည်မှပေးစာ ဗက္ကလက် ဟာဗယ်လ်(ဒေါ်အောင်ဆန်းစုကြည်)



၂၀၁၂ ခုနှစ်အတွက် ပထမဆုံးမြန်မာပြည်မှပေးစာအဖြစ် ကွယ်လွန်သူ မစ္စတာ ဗက္ကလဗ်
ဟာဗယ်လ် ရဲ့အကြောင်းပဲဖြစ်သင့်တယ်လို့ ကျွန်မဆုံးဖြတ်လိုက်တဲ့အခါ
ဒီဆောင်းပါးကို ဘယ်လိုခေါင်းစဉ်တပ် သင့်သလဲလို့
ကျွန်မအံ့သြတွေးတော်မိခဲ့ရပါတယ်
 
။ ကျွန်မအတွေးတွေဟာ ရုတ်ခြည်းဆိုသလို သူ့ရဲ့
ထိုးမြဲလက်မှတ်တစိတ်တပိုင်းအဖြစ် ရေးဆွဲလေ့ရှိတဲ့ အနီရောင်အသည်းပုံကလေးဆီ
ရောက်သွားခဲ့ပါ တယ်။ ကျွန်မဟာ သူ့ကို“အသည်းသမ္မတ” ဒါမှမဟုတ် “အသည်းခေါင်းဆောင်”
ဒါမှမဟုတ် “အသည်း နဲ့လှုပ်ရှားသူ” ဒါမှမဟုတ် “အသည်းနဲ့ပညာရှင်”
လို့ရေးသင့်ပါသလား။ နောက်ဆုံးတော့ ကျွန်မစဉ်စား တဲ့ အမည်ဆန်းတွေထက် ပိုမိုတဲ့
စွမ်းရည်နဲ့အဓိပ္ပါယ်ရှိမှာမို့ “ဗက္ကလပဗ် ဟာဗယ်လ်” သီးသန့်ကိုပဲ အမည်ပေးဘို့
ဆုံးဖြတ်လိုက်ပါတယ်။


ကျွန်မ ပထမဆုံး နေအိမ်အကျယ်ချုပ်အချခံရတဲ့ ၁၉၈၉ ခုနှစ်အတွင်းမှာပဲ “ဗက္ကလဗ်
ဟာဗယ်လ်” အမည်နဲ့ ရင်းနှီးလာခဲ့ပါတယ်။ ကတ္တီပါတော်လှန်ရေး၊ ပြည်သူ့စင်မြင့်၊
ရွေးကောက်ပွဲအောင်ပွဲ တွေဟာ ချက်ကိုစလိုဗေးကီးယားရဲ့
တော်လှန်ရေးသမားဝန်ကြီးချုပ်ကို ဒီမိုကရက်တစ်ပြည်ထောင်စုအသစ်ရဲ့
ပထမဦးဆုံးသမ္မတအဖြစ် ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါတွေအားလုံးကို
ကျွန်မရဲ့အိတ်ဆောင်ရေဒီယိုက လေးကနေ ကြားသိလေ့လာ နိုင်ခဲ့ပါတယ်။ အဲဒိအဝေးတနေရာက
နိုင်ငံရေးအသွင်ပြောင်းလဲမှုရဲ့ ဝမ်း သာပျော်ရွှင်မှုကိုလဲ မျှဝေ ခံစားခဲ့ရပါတယ်။
ဒါပေမင့် အဲဒိအချိန်မှာ “ဗက္ကလပဗ် ဟာဗယ်လ်” ဟာ
ပုဂ္ဂိုလ်ရေးမိတ်ဆွေဖြစ်လာလိမ့်မှာကိုတော့ မထင်ခဲ့မိပါ။


ကျွန်မ တခါမှမတွေ့ခဲ့ဘူးတဲ့ ပုဂ္ဂိုလ်ရေးမိတ်ဆွေအဖြစ်
စာရေးခဲ့ဘူးခြင်းမရှိခဲ့တဲ့ အမျိုးသားတဦး အကြောင်းပြောရတာကတော့ အနည်းငယ်
ဆန်းပြားနေသလိုပါပဲ။ သူ့ရဲ့ဉာဏ်ကြီးဖြတ်လတ်ပြီး နွေးထွေးတဲ့ပင်ကိုယ်စရိုက်နဲ့
ကမ္ဘာတလွှားမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး လှုပ်ရှားမှုကိုပံ့ပိုးပေးတဲ့
သူ့ရဲ့ဥဿုံသန္နိဋ္ဌာန်ချမှတ်မှုတွေဟာ သူရဲ့ရင်းနှီးခင်မင်မှုကို
စစ်မှန်သွက်လက်စေခဲ့ပါတယ်။ ကျွန်မ တို့ကို တဦးနဲ့တဦး နားလည်မှုဖြင့်
တရင်းတနှီး နီးနီးစပ်စပ်နှောင်ဖွဲ့ဆက်သွယ်ပေးခဲ့တယ်လို့ ကျွန်မကို
လည်းခံစားမိစေပါတယ်။ သူက ကျွန်မကို ၁၉၉၁ ခုနှစ်ရဲ့
ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်တင် သွင်းပေးခဲ့ပါတယ်။
ကျွန်မတို့ရဲ့လှုပ်ရှားမှုကို နိုင်ငံတကာရဲ့အာရုံစိုက်လာဘို့ဆုံမှတ်အဖြစ် အထောက်
အပံ့ဖြစ်မယ်လို့ သူကယုံ ကြည်တာကြောင့် အခုလို အမည်တင်သွင်းပေးခဲ့တာဖြစ်ပါတယ်။
အဲဒိနှစ်အ တွက် သူကိုယ်တိုင်ပင်အမည်တင်သွင်းခံထိုက်ပြီး အရွေးခံရမှာလို့
ကျွန်မယုံကြည်ခဲ့ပါတယ်။ ငြိမ်းချမ်းရေးနိုဘယ်ဆုကို
သူကိုယ်တိုင်အသေအချာတန်ဘိုးထားခဲ့ပါတယ်။

ဒီမိုကရေစီရေးနဲ့ လူ့အ ခွင့်အရေးကိစ္စအတွက် သူကိုယ်သူတန်ဘိုးမဖြတ်ခဲ့တဲ့အရာကို
သူ မပေးလိုသောကြောင့်ဖြစ်ပါတယ်။ ဒါပေမင့် ဒီစိတ်ဓါတ်ဟာ
အားနွဲ့သူအပေါ်ယဉ်ကျေးကြင်နာစွာဆက်ဆံမှုအဖြစ် - “သူတို့ရဲ့လိုအပ်မှု ဟာ
ကျွန်တော်ရဲ့လိုအပ်မှုထက်ကြီးမားပါတယ်” ဆိုတာပါ။

၁၉၉၂ ခုနှစ်မှာ ကျွန်မမိသားစု ကျွန်မထံအလည်လာခွင့်ရစဉ် ကျွန်မရဲ့ခင်ပွန်းသည်က
“အာဏာမဲ့တို့ ရဲ့ အာဏာ”ဆိုတဲ့စာအုပ်ယူလာခဲ့ပေးပါတယ်။ အခုအခါမှာ
လက်မနဲ့ကောင်းစွာလှန်လှောထားကာ ဟောင်းနွမ်းနေတဲ့အဝတ်အဖုံးစာအုပ်ရဲ့
စာမျက်နှာများကို ကျွန်မ ခပ်မြန်မြန်လေးလှန်ကြည့်မိပါတယ်
ကျွန်မမျဉ်းသားထားတဲ့ အပိုဒ်အချို့ကို ပြန်ဖတ်ကြည့်မိပါတယ်။ “… အာဏာမဲ့များရဲ့
အလားအလာ စွမ်းရည်များကို စစ်ကြောခြင်း -- အာဏာမဲ့ပြည်သူများဆောင်ရွက်နိုင်တဲ့
အခြေအနေများတွင်ရှိ အာဏာရဲ့သဘာဝရဲ့စစ်ကြောလေ့လာခြင်းမှသာအစပြုနိုင်သည်…” “…
လွတ်လပ်ခြင်းဟာခွဲခြမ်း လို့မရနိုင် …” “…

ဖန်တီးမှုရဲ့သူတို့ရဲ့နည်းလမ်းတွေ သို့မဟုတ် ဘဝအတွက် သူတို့ရဲ့ရည်မှန်းချက် တွေ
ဘယ်လောက်အလှမ်းကွာနေပါစေ၊ အခြားသူများရဲ့ လွတ်လပ်မှုအတွက် မရပ်တည်နိုင်တာဟာ
မိမိရဲ့ကိုယ်ပိုင်လွတ်လပ်ခြင်းကို အရှုံးပေးလိုက်တာလို့ အဓိပ္ပါယ်သက်ရောက်ပါတယ်
…” “သာလွန် ကောင်းမွန်တဲ့စံနစ်တခုဟာ သာလွန်ကောင်းမွန်တဲ့ဘဝတခုကို
အလိုအလျောက်ဖန်တီးမပေးပါ။ အမှန် တကယ်က ပြောင်းပြန်ဖြစ်ရပ်ကအမှန်ပါ -
သာလွန်ကောင်းမွန်တဲ့ဘဝကိုဖန်တီးခြင်းကသာ သာလွန် ကောင်းမွန်တဲ့ စံနစ်တခုကို
ဖြစ်ပေါ်တိုးတက်စေမှာပါ …” ထူးခြားတဲ့စိတ်ဓါတ်ရဲ့ ရှင်းလင်းတင်ပြချက် ဖြင့်
စံနစ်တကျပုံစံဖော်ထုတ်ပေးလိုက်တဲ့အခါမှသာ အခြေခံလူသားလိုအင်ဆန္ဒတွေနဲ့
ဆက်နွယ်ရော ယှက်နေခြင်းကို လွယ်ကူစွာမြင်နိုင်စေတဲ့ အကြံဉာဏ်များဖြစ်ပါတယ်။


အဆင့်မြင့်ပညာတတ်တယောက်ဟာ သဘောထားကြီးတဲ့နှလုံးသားကိုအစားထိုးလို့မရပါ။ ကျွန်မ
မစ္စ တာ ဗက္ကလဗ် ဟာဗယ်လ်ကို လေးစားတန်ဘိုးအထားဆုံးက ဒီ
“သဘောထားကြီးတဲ့နှလုံးသား” ကြောင့်ဖြစ်ပါတယ်။ သူဟာရှားရှားပါးပါး
တော်လှန်ရေးသမားတဦးဖြစ်ပါတယ်။ သူ့နိုင်ငံရဲ့အကြီးအကဲ ဖြစ်လာတာတောင်မှ
ကမ္ဘာ့ဝေးလံတဲ့အရပ်များရှိ တော်လှန်ရေးမိတ်ဆွေများကို မမေ့ခဲ့သူဖြစ်ပါတယ်။
သူ့ရဲ့နှလုံးသားဟာ သဘောထားကြီး မြင့်မြတ်ရုံတင်မက စာနာမှုရှိစွာပေါ့ပါးနေပြီး၊
အရိုးအစင်းဆုံးဖြင့် အရပ်ရပ်ရှိ သာမန်ပြည်သူများနဲ့ သွေးစည်းညီညွတ်နေပါတယ်။
သူ့ရဲ့စာအုပ် “ ရဲတိုက်အသွားအပြန်” (To the Castle and Back) မှာ “
ကျွန်ုပ်ထွက်ပြေးခဲ့တယ်။ အမေရိကကို ကျွန်ုပ်ထွက်ပြေးခဲ့တယ်။” ဆိုတဲ့
စကားလုံးများနဲ့ စတင်ခဲ့ပါတယ်။

မိသားစုအားလုံးနဲ့အတူ ၂ လတာ ကျွန်ုပ်ထွက်ပြေးခဲ့ပါတယ်။ မိသားစုဆိုတာက “ဒါဆာ”
ရယ်၊ ကျွန်ုပ်တို့ရဲ့ ဘောက်ဆာ ခွေး ၂ကောင်ဖြစ်တဲ့ “ရှူးဂါး”ခွေးမနဲ့ သူရဲ့ သမီး
“မဒ်လဲန်ခါ” ပါပဲ။ ထွက်ပြေးခြင်းနဲ့နေရာ(မိသားစုရဲ့အလယ်မှာ သူ့ခွေးများကို
ထည့်သွင်းသတ် မှတ်လိုက်ခြင်း)ကို ဝမ်းမြောက်ပျော်ရွှင်တဲ့ကြေညာချက်ဟာ
မိုင်ပေါင်းဝေးစွာက နှစ်ပေါင်းစွာက ကျွန်မ ကို သူ့အိမ်ရဲ့
နွေးထွေးတဲ့အသိုင်းအဝိုင်းထဲ ဆွဲခေါ်လိုက်ပါတယ်။ သာမန်စီမံထိန်းသိမ်းမှုရဲ့
အဝေးမှာ ရှိနေတဲ့လူတယောက်ဟာ အများထိတွေ့မှုကို ဘယ်လိုများ ထိန်းသိမ်းထားပါလိမ့်။


လွန်ခဲ့တဲ့ တနှစ်က မစ္စတာ ဗက္ကလဗ် ဟာဗယ်လ်က ကျွန်မကို တခါ ဖုံးဆက်ခဲ့ပါတယ်။ သူဟာ
ကျန်း မာရေးမကောင်းတဲ့အခြေအနေမှာ ရောက်နေခဲ့ပါတယ်။
သူ့အသံဟာပျော့တော့နေခဲ့ပါတယ်။ ဒါပေ မင့် ကျွန်မ
နေအိမ်အကျယ်ချုပ်ကလွတ်မြောက်လာမှုကို ဝမ်းသာကြောင်း ပြောပေးခဲ့ပါတယ်။ နောက်
ကျွန်မတို့ရဲ့ ဒီမိုကရေစီပန်းတိုင်က အလှမ်းဝေးနေတာကိုလဲ
စိုးရိမ်ပူပန်ကြောင်းပြောကြားခဲ့ပါတယ်။
သူရဲ့နာမကျန်းဖြစ်နေတဲ့နောက်ဆုံးအချိန်အထိ သူဟာ ကွန်မတို့ကို မမေ့ခဲ့ပါဘူး။
ကျွန်မအတွက် သူ ရေးခဲ့တဲ့ နောက်ဆုံးစာကို သူကွယ်လွန်ပြီးရက်အနည်းငယ်အကြာမှာ
သူရဲ့မိတ်ဆွေဟောင်းတဦးဖြစ် တဲ့ မစ္စတာ ဆဆခါဝ ယိုဟိအဲ က
ကွန်မလက်ထဲကိုထည့်ပေးခဲ့ပါတယ်။


“ခင်မင်ရပါတဲ့ မိတ်ဆွေ” လို့ စာကို အစချီထားပါတယ်။
“ကျွန်တော်စည်းရုံးကျင်းပခဲ့တဲ့ အပြည်ပြည် ဆိုင်ရာ ဆွေးနွေးပွဲများနဲ့
အခြားအခမ်းအနားများစွာကိုတက်ရောက်ဘို့ ဘိတ်ကြားတဲ့စာတွေကို ခင် ဗျားထံ
နှစ်ပေါင်းအတော် ကြာကြာ ကျွန်တော်ပေးပို့ခဲ့ပါတယ်။
မိတ်ဆွေတက်ရောက်နိုင်မဲ့အခွင့်အ လမ်းတွေမရှိဘူးဆိုတာ
ကျွန်တော်အသေအချာသတိထားခဲ့မိပေမင့် နည်းလမ်းအပြင်ကနေ ကျွန်
တော်ဆက်လုပ်ခဲ့တာပါ။ ကျွန်တော့်စာတွေကို သိမ်းဆည်းတဲ့ အာဏာပိုင်တွေကို
ကျွန်တော်တို့တတွေ ခင်ဗျားကို အစဉ်သတိရနေတယ်ဆိုတာနဲ့ အမြဲတမ်းထောက်ခံနေတာကို
သတိပေးနေခဲ့တာပါ။”


အဖိနှိပ်ခံများအရေးကို ရပ်တည်ကာကွယ်ပေးနေတဲ့ သူ့ရဲ့စိတ်ဓါတ်က
တည်ရှိနေဆဲဖြစ်ပါတယ်။ ကျွန် မတို့ရဲ့ လှုပ်ရှားမှုအပေါ် သူ့ရဲ့စိတ်ဝင်စားမှုကတော့
ဆက်လက်ရှင်သန်ကြီးမားလျက်ရှိနေပါတယ်။


“ခင်မင်ရတဲ့မိတ်ဆွေရေ၊ ခင်ဗျားတို့နိုင်ငံမှာ လတ်တလောတိုးတက်မှုတွေကို
အလွန့်အလွန်သတိထား ရမဲ့ အကောင်းမြင်မှုတွေနဲ့ ကျွန်တော်က
လေ့လာစောင့်ကြည့်နေလျက်ပါ။”

သူ့ရဲ့စာကို လက်တွေ့ကျတဲ့အညင်သာဆုံးနဲ့ အဆုံးသတ်ခဲ့ပါတယ်။ “…
ကျွန်ုပ်တို့ကူညီနိုင်မဲ့ တခုခု -- ပုံစံအားဖြင့် --
ကျွန်ုပ်တို့ရဲ့အသွင်ကူးပြောင်းရေးအတွေ့အကြုံကိုမျှယူဘို့ သင်ဆန္ဒရှိခဲ့ရင် -
ကျွန်ုပ်တို့ က ဝမ်းမြောက်စွာ လုပ်ဆောင်ပေးပါ့မယ်။”

ကျွန်မတို့ရှေ့က သူလျှောက်သွားတဲ့လမ်းတလျောက် ကျွန်မတို့ဆက်လှမ်းနေစဉ်
ကျွန်မရဲ့မိတ်ဆွေမရှိ တော့တာကို ကျွန်မခံစားရပါလိမ့်မယ်။

No comments:

Post a Comment