(၁)
ပြောရလျှင် ဒီရက်ပိုင်း စာမရေးဖြစ်ပါ။ ခရီးယာယီများနေသောကြောင့်ဖြစ်
သည်။
ခါတော်မီတုပ်ကွေးနှင့် တိုးနေသောကြောင့်လည်းဖြစ်သည်။ ထို့ထက် ဖတ်စရာတွေ
မနိုင်မနင်းများနေသောကြောင့်လည်း ဖြစ်ပါသည်။ သတင်းထူးတွေ တသွင်သွင်စီးနေသော ကာလမို့
ခါတိုင်း ပုံမှန်မဖတ်ဖြစ်သော ပြည်တွင်းဂျာနယ်တွေကိုပင် တကူးတကရှာပြီး တခုတ်တရဖတ်နေရသည်။
အဆိုပါ သတင်းရေစီးတွင် မင်္ဂလာအရှိဆုံး သတင်းတစ်ပုဒ်ကား ဆယ်စုနှစ်များနှင့်ချီ၍
ထောင်ဒဏ်ကျခံနေရသော နှစ်ကြီးယုံကြည်ချက် အကျဉ်းသားတွေ အစုလိုက်အပြုံလိုက်
လွတ်လာသော သတင်းပင်။ အထူးသဖြင့် လူထုချစ်သော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ေ တွ ပါလာသည်။သူတို့ကို လူတွေက သောင်းသောင်းဖြဖြကြိုကြသည်။
မလိုင်လုံး ထုပ်ကလေးကိုင်ရင်း
မျက်ရည်စမ်းစမ်းဖြင့် ကျောင်းသားခေါင်းဆောင်ကို ဖက်ပွေ့ကြိုဆိုနေသော အဘွားအိုတစ်ယောက်၏
သတင်းဓာတ်ပုံဆိုလျှင် ထိထိခိုက်ခိုက်ရှိလှသည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ဝန်းကျင်ကဆို လျှင် သူတို့တစ်တွေမှာ အသက်နှစ်ဆယ်ဝန်းကျင်
လူငယ်လူရွယ်များ။ ယခုတော့ အသက်လေးဆယ်ကျော် လူလတ်ပိုင်းတွေဖြစ်နေချေပြီ။
သူတို့မျက်နှာပေါ်တွင် နုပျိုမှု၏ အမှတ်အသားများကို မတွေ့ရတတ်တော့။ ဇရာ၏ လက္ခဏာများက
နေရာယူထားချေပြီ။ ယုံကြည်မှုတစ်ခုအတွက် ဘ၀၏ အလှပဆုံး၊ အချိုမြိန်ဆုံး၊ အနုပျိုဆုံး အချိန်တွေကို
ထားရစ်ခဲ့ချေပြီ။ စာရေးသူအနေနှင့်မူ သူတို့တစ်တွေကိုသော်လည်းကောင်း နောင်လာမည့်
မျိုးဆက်များကိုသော်လည်းကောင်း ယခုလို ဘ၀ကြမ်းကြမ်း ခရောင်းလမ်းတွေမကြုံစေ ချင်တော့ပါ။
သမိုင်းတစ်ကျော့ မလည်စေချင်တော့ပါ။ ကျွန်တော်တို့တိုင်းပြည်တွင် ရင်နာစရာတွေများရုံမျှမက
လျှံ၍ပင်နေပြီထင်ပါသည်။
(၂)
တိုင်းမ်မဂ္ဂဇင်း အက်ဆေးဆရာတစ်ယောက်ဖြစ်သူ ဇိယာအက်ဘ်ဒိုလ်ခါရင်မ်က သူ၏ အက်ဆေးတစ်ပုဒ်ဖြစ်သည့်
“ In Search of New Heroes ” တွင် ယခုလိုရေးဖူးသည်။ “လူ့အဖွဲ့အ စည်းတစ်ရပ် ကံဆိုးမိုးမှောင်ကျနေပြီဆိုလျှ င်
သူရဲကောင်းတွေ ပေါ်ထွက်တတ်ပါသည်။ သို့နှင့်တိုင် အဆိုပါလူ့အဖွဲ့အစည်းသို့ ကံကောင်းခြင်းများ
သယ်ဆောင် လာဖို့ဆိုလျှင် စွန့်လွှတ်အနစ်နာခံရဲသော သူရသတ္တိတစ်ခုတည်းနှင့် မလုံလောက်ပါ။
သူရဲကောင်း အသည်းနှလုံးကို တည့်မတ်ရှေ့ဆောင်နိုင်မည့် အမြော်အမြင်ကြီးသော
ဦးနှောက်ရှိဖို့လည်း လိုပါ သည်...”စသဖြင့်။
နိုင်ငံများ၏ ဒီမိုကရေစီအရေးတော်များ၊ တစ်နည်း- ဒီမိုကရက်တိုင်ဇေးရှင်းသမိုင်း ကိုကြည့် လိုက်လျှင်လည်း
အဖွင့်ကျားကွက် ရွှေ့ခဲ့ကြသူများမှာ ဘ၀နှင့်ရင်းပြီး အမှောင်ကန့်လန့်ကာဖွင့်ခဲ့ကြသည့် 
“တက်ကြွလှုပ်ရှားသူတွေ” ( Activists ) သာဖြစ်ပါသည်။ သို့နှင့်တိုင် ဒီမိုကရေစီခရီးကို
ရေဆုံးရေဖျား ဆက်နိုင်ဖို့ဆိုလျှင် တက်ကြွလှုပ်ရှားသူမျှဖြင့် မလုံလောက်ပါ။
“ပညာဖြင့်ယှဉ်၍နိုင်ငံရေးလုပ် တတ်သူများ” (ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမား များ) ရှိဖို့လိုသည်ဟု
အီတလီနိုင်ငံ ဖလောရင့်တက္ကသိုလ်မှ ပါမောက္ခဖိလစ်ပီရှမစ်သာကဆိုသည်။
ဤအတွက် အကောင်းဆုံး ဥပမာမှာ ဗိုလ်ချုပ်အောင်ဆန်းဟု သဘောရပါသည်။
ကိုအောင်ဆန်းမှာ ဒုတိယကျောင်းသားသပိတ်(၁၉၃၆ သပိတ်) က မွေးထုတ်လိုက်သော
တက်ကြွလှုပ်ရှားသူဖြစ်သည်။ နောက် ဒို့ဗမာအစည်းအရုံးဝင် သခင်အောင်ဆန်းဖြစ်လာသည်။
၁၃၀၀ ပြည့် အရေးတော်ပုံတွင် “လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး” ဆိုသော
မဟာဗျူဟာလမ်း ကြောင်းတစ်ခုကို ချမှတ်ဖော်ထုတ်သူ၊ ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမာြး ဖစ်သွားသည်။
လွတ်လပ်ရေးတိုက်ပွဲတွင် စစ်ရေးက အဓိကဖြစ်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာပြန် သည်။
စစ်ပြီးခေတ် လွတ်လပ်ရေးတိုက်ပွဲတွင်မူ ဦးအောင်ဆန်းအဖြစ် ဖဆပလကို ဦးဆောင်ပြီး
တစ်မျိုးသားလုံးညီညွတ်မှုအင်အာြး ဖင့် လွတ်လပ်ရေးကို အရယူပေးခဲ့သည်။ နိုင်ငံရေးဆိုသည်မှာ
အခြားသော လောကဓမ္မတာများနည်းတူ နုရာမှရင့်လာရသည် မဟုတ်ပါလော။
(၃)
ယနေ့ရောက်ရှိနေသော မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း၏ အခင်းအကျင်းသစ်မှာ ကနဦးကာလ
၁၉၈၈ ၀န်းကျင်နှင့်မတူတော့ပါ။ ဒီမိုကရေစီရေးအတွက် ရင့်မှည့်လာသော နိုင်ငံတကာရေစီးနှင့်
ပြည်တွင်းနိုင်ငံရေးအင်အားစုများ၏ ရင့်ကျက်လာမှုကြောင့် ထိခိုက်နာကျင်စရာတွေ နည်းပါးလိမ့်မည်ဟု
မျှော်လင့်ရသော လမ်းကြောင်းသစ်တစ်ရပ် သို့ “တည်” မိပြီဟုထင်ပါသည်။ ဤလမ်းကြောင်းသစ်က
ယခင်ကလို ဆန့်ကျင်ဘက်များ အပြန်အလှန်ဖယ်ထုတ်ဖို့မဟုတ်။ အမျိုးသားရင်ကြားစေ့ရေးဖြင့်
ဘုံတူညီချက်ရှာကာ ဒီမိုကရေစီရေးသို့ ဦးတည်ကြဖို့ဖြစ်သည်။
တစ်ကျော့ပြန် ၈၈မျိုးဆက်များ၏ အင်တာဗျူးများတွင် အဆိုပါအပြောင်းအလဲနှင့်ပတ်သက်ေ သာ
အကောင်းမြင်အရိပ် နိမိတ်အချို့ကို “ဆ၀ါး” မိ၍ ကျေနပ်ရသည်။ သူတို့က အစိုးရသစ်၏
ပြုပြင်ပြောင်းလဲမှုများကို တစ်စုံတစ်ရာ သိမှတ်လက်ခံသည့် သဘောရှိသည်။ ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်သော NLD ရွေးချယ်လိုက်သည့် လမ်းကြောင်းကိုလည်း ခံတွင်းမတွေ့သည့်လက္ခဏာမျိုး
မတွေ့ရပါ။ဘ၀၏အထုအထောင်းဒဏ်ရာဒဏ် ချက်များ အကင်းသေကောင်းမှ သေနိုင်သည့်တိုင်
သူတို့အားလုံးတွင် ရင့်ကျက်သော ဆင်ခြင်တုံတရားအပြည့်ရှိပြီဟု ထင်ပါသည်။
လူထုကမူ သူတို့ရှေ့ဆက်ကြမည့် ခြေလှမ်းတွေကို စိတ်ဝင် တစားစောင့်ကြည့်နေကြသည်။
အချို့က သူတို့ကို ခွပ်ဒေါင်းအလံနှင့်ခွဲမမြင်၊ တွဲမြင်ချင်ကြဆဲရှိသည်။ အချို့က နိုင်ငံရေးပါတီထောင်ပြီး
ရွေးကောက်ပွဲလမ်းကြောင်းလိုက်ေ စလိုသည်။ အချို့ကမူ ပါတီနိုင်ငံရေး၊ အာဏာနိုင်ငံရေးလမ်းကြောင်းမလို က်ဘဲ
အမျိုးသားနိုင်ငံရေးလမ်းကြောင်း ပေါ်မှာပဲ ရှိစေချင်သည်။ စာရေးသူအနေနှင့်မူ ပါတီနိုင်ငံရေး၊
အမျိုးသားနိုင်ငံရေးခွဲခြားကြည့် မြင်ကြသည်ကို ဘ၀င်မကျ။ ၁၉၉၀ ရွေးကောက်ပွဲ အကြိုကာလလောက်က
ဤအမြင်မျိုး အတော်အသံကျယ်ခဲ့ဖူးသည်။ ထိုစဉ်ကတည်းက ဘ၀င်မကျ။
(၄)
အမှန်စင်စင် ဒီမိုကရေစီရေးမှာ မြန်မာတစ်မျိုးသားလုံး၏အရေး၊ တစ်နည်း အမျိုးသားရေးပင်ဖြစ်သည်။
ဒီမိုကရေစီရေးနှင့် အမျိုးသားနိုင်ငံရေးကို တသီးတခြား ခွဲလို့မရ။ တစ်ထပ်တည်းပင်ဖြစ်သည်။
အတူတူပင်ဖြစ်သည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းလှုပ်ရှားကြသည်မှာလည်း ဒီမိုကရေစီရေးအတွက်ပင်ဖြစ်သည်။
အမျိုးသားနိုင်ငံရေးပင်ဖြစ်သည်။ နိုင်ငံရေးပါတီထောင်သည်နှင့် အမျိုးသားနိုင်ငံရေးမဟုတ်ဟု ပြောမရ။
လုံးဝ(လုံးဝ) ပြောမရ။ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ မှတစ်ဆင့် အာဏာရယူဖို့ ကြိုး ပမ်းကြသည်မှာလည်း
ဒီမိုကရေစီရေးအတွက် လက်တွေ့လုပ် ပိုင်ခွင့်အာဏာရယူဖို့သာဖြစ်သည် ။
အမျိုးသားနိုင်ငံရေးပင်ဖြစ်သည်။ စာရေးသူကတော့ ဤအတိုင်းပဲမြင်သည်။
၈၈ မျိုးဆက်များ နိုင်ငံရေးပါတီထောင်မထောင်ဆို သည်မှာ သူတို့ ဆုံးဖြတ်ချက်နှင့်သူတို့ဖြစ်သည် ။
ပါတီထောင်သည်ဖြစ်စေ မထောင်သည်ဖြစ်စေ ဒီမိုကရေစီရေး တစ်နည်း အမျိုးသားနိုင်ငံရေး
ဦးတည်ချက်မှ သွေဖည်မသွားနိုင် ဟုယုံကြည်သည်။ နိုင်ငံရေးပါတီတွေ လိုအပ်သည်ထက်
များလွန်းနေလျှင် ဒီမိုကရက်တစ်အင်အားစုများ ညီညွတ်ရေးအတွက် အဟန့်အတားဖြစ်ကောင်းဖြစ်နိုင်ေ သ်ာလည်း
ဤသို့ ပါတီတွေများခြင်းသည်ပင် ဒီမိုကရေစီအသွင်ပြောင်းခါစ နိုင်ငံများ၏ အခြင်းအရာဖြစ်လေရာ
အကောင်းအဆိုး ဝေဖန်ဖို့မသင့်ဟုထင်သည်။
အရေးကြီးသည်မှာ ဂိုဏ်းဂဏအစွဲတွေကို ကျော်ကြည့်နိုင်ဖို့ပင်ဖြစ်သည်။
ဒီမိုကရေစီ မျှော်မှန်းချက်၊ တစ်နည်း အမျိုးသားရေး မျှော်မှန်းချက်ကို
မျက်ခြည်မပြတ်ဖို့ပင်ဖြစ်သည်။ ယနေ့ ရောက်ရှိနေပြီဖြစ်သော အဆင့်နေရာမှ
နောက်ပြန်မဆုတ်ဘဲ ရှေ့တိုးနိုင်ဖို့ပင်ဖြစ်သည်။ ဤအတွက် ဆန္ဒထက် အမြော်အမြင်က
ပိုအရေးကြီးလိမ့်မည်ဟု ထင်သည်။ အသည်းနှလုံးထက် ဦးနှောက်က ပိုကြီးဖို့လိုမည်ထင်ပါသည်။
(ကျော်ဝင်း)
ပြောရလျှင် ဒီရက်ပိုင်း စာမရေးဖြစ်ပါ။ ခရီးယာယီများနေသောကြောင့်ဖြစ်
ခါတော်မီတုပ်ကွေးနှင့် တိုးနေသောကြောင့်လည်းဖြစ်သည်။ ထို့ထက် ဖတ်စရာတွေ
မနိုင်မနင်းများနေသောကြောင့်လည်
ခါတိုင်း ပုံမှန်မဖတ်ဖြစ်သော ပြည်တွင်းဂျာနယ်တွေကိုပင် တကူးတကရှာပြီး တခုတ်တရဖတ်နေရသည်။
အဆိုပါ သတင်းရေစီးတွင် မင်္ဂလာအရှိဆုံး သတင်းတစ်ပုဒ်ကား ဆယ်စုနှစ်များနှင့်ချီ၍
ထောင်ဒဏ်ကျခံနေရသော နှစ်ကြီးယုံကြည်ချက် အကျဉ်းသားတွေ အစုလိုက်အပြုံလိုက်
လွတ်လာသော သတင်းပင်။ အထူးသဖြင့် လူထုချစ်သော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ေ
မလိုင်လုံး ထုပ်ကလေးကိုင်ရင်း
မျက်ရည်စမ်းစမ်းဖြင့် ကျောင်းသားခေါင်းဆောင်ကို ဖက်ပွေ့ကြိုဆိုနေသော အဘွားအိုတစ်ယောက်၏
သတင်းဓာတ်ပုံဆိုလျှင် ထိထိခိုက်ခိုက်ရှိလှသည်။
လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်ဝန်းကျင်ကဆို
လူငယ်လူရွယ်များ။ ယခုတော့ အသက်လေးဆယ်ကျော် လူလတ်ပိုင်းတွေဖြစ်နေချေပြီ။
သူတို့မျက်နှာပေါ်တွင် နုပျိုမှု၏ အမှတ်အသားများကို မတွေ့ရတတ်တော့။ ဇရာ၏ လက္ခဏာများက
နေရာယူထားချေပြီ။ ယုံကြည်မှုတစ်ခုအတွက် ဘ၀၏ အလှပဆုံး၊ အချိုမြိန်ဆုံး၊ အနုပျိုဆုံး အချိန်တွေကို
ထားရစ်ခဲ့ချေပြီ။ စာရေးသူအနေနှင့်မူ သူတို့တစ်တွေကိုသော်လည်းကောင်း နောင်လာမည့်
မျိုးဆက်များကိုသော်လည်းကောင်း ယခုလို ဘ၀ကြမ်းကြမ်း ခရောင်းလမ်းတွေမကြုံစေ ချင်တော့ပါ။
သမိုင်းတစ်ကျော့ မလည်စေချင်တော့ပါ။ ကျွန်တော်တို့တိုင်းပြည်တွင် ရင်နာစရာတွေများရုံမျှမက
လျှံ၍ပင်နေပြီထင်ပါသည်။
(၂)
တိုင်းမ်မဂ္ဂဇင်း အက်ဆေးဆရာတစ်ယောက်ဖြစ်သူ ဇိယာအက်ဘ်ဒိုလ်ခါရင်မ်က သူ၏ အက်ဆေးတစ်ပုဒ်ဖြစ်သည့်
“ In Search of New Heroes ” တွင် ယခုလိုရေးဖူးသည်။ “လူ့အဖွဲ့အ စည်းတစ်ရပ် ကံဆိုးမိုးမှောင်ကျနေပြီဆိုလျှ
သူရဲကောင်းတွေ ပေါ်ထွက်တတ်ပါသည်။ သို့နှင့်တိုင် အဆိုပါလူ့အဖွဲ့အစည်းသို့ ကံကောင်းခြင်းများ
သယ်ဆောင် လာဖို့ဆိုလျှင် စွန့်လွှတ်အနစ်နာခံရဲသော သူရသတ္တိတစ်ခုတည်းနှင့် မလုံလောက်ပါ။
သူရဲကောင်း အသည်းနှလုံးကို တည့်မတ်ရှေ့ဆောင်နိုင်မည့် အမြော်အမြင်ကြီးသော
ဦးနှောက်ရှိဖို့လည်း လိုပါ သည်...”စသဖြင့်။
နိုင်ငံများ၏ ဒီမိုကရေစီအရေးတော်များ၊ တစ်နည်း- ဒီမိုကရက်တိုင်ဇေးရှင်းသမိုင်း
အဖွင့်ကျားကွက် ရွှေ့ခဲ့ကြသူများမှာ ဘ၀နှင့်ရင်းပြီး အမှောင်ကန့်လန့်ကာဖွင့်ခဲ့ကြသည်
“တက်ကြွလှုပ်ရှားသူတွေ” ( Activists ) သာဖြစ်ပါသည်။ သို့နှင့်တိုင် ဒီမိုကရေစီခရီးကို
ရေဆုံးရေဖျား ဆက်နိုင်ဖို့ဆိုလျှင် တက်ကြွလှုပ်ရှားသူမျှဖြင့် မလုံလောက်ပါ။
“ပညာဖြင့်ယှဉ်၍နိုင်ငံရေးလုပ်
အီတလီနိုင်ငံ ဖလောရင့်တက္ကသိုလ်မှ ပါမောက္ခဖိလစ်ပီရှမစ်သာကဆိုသည်။
ဤအတွက် အကောင်းဆုံး ဥပမာမှာ ဗိုလ်ချုပ်အောင်ဆန်းဟု သဘောရပါသည်။
ကိုအောင်ဆန်းမှာ ဒုတိယကျောင်းသားသပိတ်(၁၉၃၆ သပိတ်) က မွေးထုတ်လိုက်သော
တက်ကြွလှုပ်ရှားသူဖြစ်သည်။ နောက် ဒို့ဗမာအစည်းအရုံးဝင် သခင်အောင်ဆန်းဖြစ်လာသည်။
၁၃၀၀ ပြည့် အရေးတော်ပုံတွင် “လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ဆိုရှယ်လစ်ရေး” ဆိုသော
မဟာဗျူဟာလမ်း ကြောင်းတစ်ခုကို ချမှတ်ဖော်ထုတ်သူ၊ ပရော်ဖက်ရှင်နယ်နိုင်ငံရေးသမာြး
လွတ်လပ်ရေးတိုက်ပွဲတွင် စစ်ရေးက အဓိကဖြစ်လာသောအခါ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာပြန်
စစ်ပြီးခေတ် လွတ်လပ်ရေးတိုက်ပွဲတွင်မူ ဦးအောင်ဆန်းအဖြစ် ဖဆပလကို ဦးဆောင်ပြီး
တစ်မျိုးသားလုံးညီညွတ်မှုအင်အာြး
အခြားသော လောကဓမ္မတာများနည်းတူ နုရာမှရင့်လာရသည် မဟုတ်ပါလော။
(၃)
ယနေ့ရောက်ရှိနေသော မြန်မာ့ဒီမိုကရက်တိုင်ဇေးရှင်း၏ အခင်းအကျင်းသစ်မှာ ကနဦးကာလ
၁၉၈၈ ၀န်းကျင်နှင့်မတူတော့ပါ။ ဒီမိုကရေစီရေးအတွက် ရင့်မှည့်လာသော နိုင်ငံတကာရေစီးနှင့်
ပြည်တွင်းနိုင်ငံရေးအင်အားစုမျာ
မျှော်လင့်ရသော လမ်းကြောင်းသစ်တစ်ရပ် သို့ “တည်” မိပြီဟုထင်ပါသည်။ ဤလမ်းကြောင်းသစ်က
ယခင်ကလို ဆန့်ကျင်ဘက်များ အပြန်အလှန်ဖယ်ထုတ်ဖို့မဟုတ်။ အမျိုးသားရင်ကြားစေ့ရေးဖြင့်
ဘုံတူညီချက်ရှာကာ ဒီမိုကရေစီရေးသို့ ဦးတည်ကြဖို့ဖြစ်သည်။
တစ်ကျော့ပြန် ၈၈မျိုးဆက်များ၏ အင်တာဗျူးများတွင် အဆိုပါအပြောင်းအလဲနှင့်ပတ်သက်ေ
အကောင်းမြင်အရိပ် နိမိတ်အချို့ကို “ဆ၀ါး” မိ၍ ကျေနပ်ရသည်။ သူတို့က အစိုးရသစ်၏
ပြုပြင်ပြောင်းလဲမှုများကို တစ်စုံတစ်ရာ သိမှတ်လက်ခံသည့် သဘောရှိသည်။ ဒေါ်အောင်ဆန်းစုကြည်
ဦးဆောင်သော NLD ရွေးချယ်လိုက်သည့် လမ်းကြောင်းကိုလည်း ခံတွင်းမတွေ့သည့်လက္ခဏာမျိုး
မတွေ့ရပါ။ဘ၀၏အထုအထောင်းဒဏ်ရာဒဏ်
သူတို့အားလုံးတွင် ရင့်ကျက်သော ဆင်ခြင်တုံတရားအပြည့်ရှိပြီဟု
လူထုကမူ သူတို့ရှေ့ဆက်ကြမည့် ခြေလှမ်းတွေကို စိတ်ဝင် တစားစောင့်ကြည့်နေကြသည်။
အချို့က သူတို့ကို ခွပ်ဒေါင်းအလံနှင့်ခွဲမမြင်၊ တွဲမြင်ချင်ကြဆဲရှိသည်။ အချို့က နိုင်ငံရေးပါတီထောင်ပြီး
ရွေးကောက်ပွဲလမ်းကြောင်းလိုက်ေ
အမျိုးသားနိုင်ငံရေးလမ်းကြောင်း
အမျိုးသားနိုင်ငံရေးခွဲခြားကြည်
ဤအမြင်မျိုး အတော်အသံကျယ်ခဲ့ဖူးသည်။ ထိုစဉ်ကတည်းက ဘ၀င်မကျ။
(၄)
အမှန်စင်စင် ဒီမိုကရေစီရေးမှာ မြန်မာတစ်မျိုးသားလုံး၏အရေး၊ တစ်နည်း အမျိုးသားရေးပင်ဖြစ်သည်။
ဒီမိုကရေစီရေးနှင့် အမျိုးသားနိုင်ငံရေးကို တသီးတခြား ခွဲလို့မရ။ တစ်ထပ်တည်းပင်ဖြစ်သည်။
အတူတူပင်ဖြစ်သည်။ နိုင်ငံရေးပါတီများ ဖွဲ့စည်းလှုပ်ရှားကြသည်မှာလည်း ဒီမိုကရေစီရေးအတွက်ပင်ဖြစ်သည်။
အမျိုးသားနိုင်ငံရေးပင်ဖြစ်သည်။ နိုင်ငံရေးပါတီထောင်သည်နှင့် အမျိုးသားနိုင်ငံရေးမဟုတ်ဟု ပြောမရ။
လုံးဝ(လုံးဝ) ပြောမရ။ နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ မှတစ်ဆင့် အာဏာရယူဖို့ ကြိုး ပမ်းကြသည်မှာလည်း
ဒီမိုကရေစီရေးအတွက် လက်တွေ့လုပ် ပိုင်ခွင့်အာဏာရယူဖို့သာဖြစ်သည်
အမျိုးသားနိုင်ငံရေးပင်ဖြစ်သည်။ စာရေးသူကတော့ ဤအတိုင်းပဲမြင်သည်။
၈၈ မျိုးဆက်များ နိုင်ငံရေးပါတီထောင်မထောင်ဆို
ပါတီထောင်သည်ဖြစ်စေ မထောင်သည်ဖြစ်စေ ဒီမိုကရေစီရေး တစ်နည်း အမျိုးသားနိုင်ငံရေး
ဦးတည်ချက်မှ သွေဖည်မသွားနိုင် ဟုယုံကြည်သည်။ နိုင်ငံရေးပါတီတွေ လိုအပ်သည်ထက်
များလွန်းနေလျှင် ဒီမိုကရက်တစ်အင်အားစုများ ညီညွတ်ရေးအတွက် အဟန့်အတားဖြစ်ကောင်းဖြစ်နိုင်ေ
ဤသို့ ပါတီတွေများခြင်းသည်ပင် ဒီမိုကရေစီအသွင်ပြောင်းခါစ နိုင်ငံများ၏ အခြင်းအရာဖြစ်လေရာ
အကောင်းအဆိုး ဝေဖန်ဖို့မသင့်ဟုထင်သည်။
အရေးကြီးသည်မှာ ဂိုဏ်းဂဏအစွဲတွေကို ကျော်ကြည့်နိုင်ဖို့ပင်ဖြစ်သည်။
ဒီမိုကရေစီ မျှော်မှန်းချက်၊ တစ်နည်း အမျိုးသားရေး မျှော်မှန်းချက်ကို
မျက်ခြည်မပြတ်ဖို့ပင်ဖြစ်သည်။ ယနေ့ ရောက်ရှိနေပြီဖြစ်သော အဆင့်နေရာမှ
နောက်ပြန်မဆုတ်ဘဲ ရှေ့တိုးနိုင်ဖို့ပင်ဖြစ်သည်။ ဤအတွက် ဆန္ဒထက် အမြော်အမြင်က
ပိုအရေးကြီးလိမ့်မည်ဟု ထင်သည်။ အသည်းနှလုံးထက် ဦးနှောက်က ပိုကြီးဖို့လိုမည်ထင်ပါသည်။
(ကျော်ဝင်း)
No comments:
Post a Comment