ပြည်သူတွေ ဖုန်းဆက်ခငွေတွေကို အစိုးရထံမှ (ရွှေပြည်တံခွန်က) ဒေါ်လာနှင့် မတောင်းလျှင် ငါးထောင်တန်ဖုန်းကဒ် ကိစ္စ ဖြစ်နိုင်သည်ဟု ဒေါက်တာဆိတ်ဖွားဆို....
×××××××××××××××၅၀၀၀ တန် ဖုန်းကဒ်ရနိုင်မရနိုင်၏ အဓိကသော့ချက်
ထိုတယ်လီဖုန်းစီမံကိန်းကို တာဝန်ယူမည့် ရွှေပြည်တံခွန်ကုမ္ပဏီကလည်း ဖြစ်အောင်လုပ်မည် ၊ နည်းပညာအရ ဖြစ်နိုင်သည် ရကိုရမည် ၊ နိုင်ငံတော်ကခွင့်ပြုသည်နှင့် မတ်လတွင် စပြီးမိတ်ဆက်တော့မည် ဇွန်လတွင်ကဒ်များစရောင်းမည် ၊ ပထမအဆင့်တွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် အကောင်အထည်ဖေါ်မည် ။နောက်ပိုင်းတစ်နိုင်ငံလုံး ဆောင်ရွက်မည် ၊ ဒေါ်လာသန်း ၈၀၀ ခန့် ရင်းနှီးမြှုတ်နှံမည် ၊ မြန်မာ့ဆက်သွယ်ရေးနှင့်မပတ်သက် ၊ အစရှိသဖြင့် အာမခံရဲရဲဖြင့် တာထွက်လာသောကြောင့် ပြည်သူအများက ၀မ်းသာကြလေသည် ။
ဝမ်းသာသည့်စိတ်နှင့်အတူ ဒီလောက် ပြည်သူတွေအတွက် ကောင်းတဲ့အစီအစဉ်တွေကို အစိုးရက ဘာလို့ လက်တုန့်ဆိုင်းနေရတာလဲ ၊ သူတို့အတွက် အကျိုးအမြတ်မရှိလို့ မလုပ်တာနေမှာပေါ့ ၊ သူ့ဟာသူလုပ်မှာကို ဘာလို့ လက်နှေးနေရတာလဲ ၊ အစရှိသဖြင့် အပြစ်တင်ကြလေသည် ။ ထိုအတောအတွင်း မြန်မာ့ ဆက်သွယ်ရေးက အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦး က မြန်မာ့ဆက်သွယ်ရေးနှင့် အဆက်အသွယ် မလုပ်ပဲ မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပေးထားသော တယ်လီဖုန်းများနှင့်ဆက်သွယ်ရန် နည်းပညာအရ မဖြစ်နိုင်ပါကြောင်း ၊ ပြည်ပနိုင်ငံများနှင့်ဆက်သွယ် ရန် မြန်မာ့ ဆက်သွယ်ရေး နှင့် မဖြစ်မနေဆက်သွယ် ရမှာ ဖြစ်ကြောင်း ၊ မိုဘိုင်းနက်ဝပ်တည်ဆောက်ရန်မှာ နေ့ချင်းညချင်း မဖြစ်နိုင်ပါကြောင်းပြောကြားခဲ့ သဖြင့် ဦးဇော်မင်းဦးကို ၀ိုင်းဝန်းအပြစ်တင်ကြသူများ အများအပြားလည်းပေါ်ပေါက်လာလေ၏ ။
ပြည်တွင်းပြည်ပမှ နည်းပညာနှင့်နီးစပ်သူများ ကလည်း အခြားတိုင်းပြည်များရှိဈေးနှုံး များ ၊ နည်းပညာများကို ကိုးကား၍ လုပ်ရင် ရနိုင်ကြောင်း ၊ သူများရလျင်ကိုယ်ရရမှာဖြစ်ကြော င်းစသည်တို့ကို နည်းပညာ အကိုးအကား အချက်အလက်အကိုးအကား များဖြင့် ထောက်ခံသည့်ဘက်မှ ရေးသားကြ သည်များတွေ့ရသဖြင့် ပြည်သူများ၏ မျှော်လင့်ချက်သည် ပိုမို လာကာ အစိုးရတာဝန်ရှိသူများကို အပြစ်ဆိုသည် များလည်း ပို၍ ပို၍ တိုးလာလေတော့သည် ။
ယခင်အစိုးရလက်ထက်တွင်ရော ယခုအစိုးရလက်ထက်တွင်ပါ ဆက်သွယ်ရေးကဏ္ဍ၏ မိုဘိုင်းတယ်လီဖုန်းလုပ်ငန်းမျာ
ဥပမာဆိုကြပါစို့ ယခုရင်းနှီးမြှုတ်နှံမည်ဟု နာမည်ကြီးနေသော ရွှေပြည်တံခွန်ကုမ္ပဏီသည် မိုဘိုင်းတယ်လီဖုန်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ရင်းနှီးမြှုတ်နှံကာ တယ်လီဖုန်း အလုံး ၂ သန်းကို မြန်မာပြည်သူတွေကို မရောင်းပဲအလကားပေးလိုက်သည် ဆိုကြပါစို့ ထိုဖုန်းအလုံး ၂ သန်းကိုရသွားကြကုန်သော မြန်မာတို့သည် တစ်သက်လုံး ချုပ်တီးထားသမျှ အတိုးနှင့်ပြောကြပေတော့မည် ။တစ်နေ့ကို ပျမ်းမျှ ဖုန်းတစ်လုံးသည် ၀.၅ ဒေါ်လာနှင့်ညီမျှသည့် မြန်မာငွေတန်ဘိုးပဲ ပြောသည်ဆိုကြပါစို့ ၊ အဆိုပါ ကုမ္ပဏီသည် တစ်နေ့အမေရိကန်ဒေါ်လာ ၁သန်း နှင့်ညီမျှသည့်ကျပ်ငွေများဝင်ေ
တယ်လီဖုန်းပြောသည့် ကိစ္စတစ်ခုတည်းအတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၃ ၊ ၄ ရာရှာရမည်မှာ မြန်မာနိုင်ငံ ကဲ့သို့နိုင်ငံငယ်အဖို့ မလွယ်လှ ၊ ယခင်က ယခုကဲ့သို့ ဒေါ်လာတရားဝင်လဲလှယ်သည့် နေရာများလည်းမပေါ်သေး ၊ ယခုပေါ်နေသော်လည်း လိုသလောက်လဲ၍မရနိုင် ထောင်ဂဏန်းလဲသည်ကိုပင်အဆင်မြေ
အချုပ်အားဖြင့်ဆိုရသော် ၅၀၀၀ တန်ဖုန်း စီမံကိန်းလုပ်မည်ဆိုသော ကုမ္ပဏီသည် အစိုးရထံမှ ဒေါ်လာကိုမည်သည့်နည်းနှင့်မျှ ပြန်မတောင်းလျှင်အဆင်ပြေပါမည် ၊ ပြန်တောင်းလျှင် အဆင်မပြေနိုင်ပါ ၊ အဖြေကဒါပဲဖြစ်မည်ဟုယူဆပါသည် ။ ပြည်တွင်းသတင်းမီဒီယာများအနြေ
No comments:
Post a Comment