လမိုက်ည ကမ္ဘာမှာ
လူသားတစ်ယောက် ဖြစ်တည်ခြင်းက
အကြင်နာနဲ့ ထွန်းညိထားတဲ့
မေတ္တာ မီးအိမ်မှန်ငယ်ကလေး ကွဲရှခဲ့ရင်
နာကျင်စရာ ပြည့်နှက်လွန်းလှပေါ့။
အနိုင်မယူသူ အရှုံး။
ဥာဏ်သာသူ သရဖူဆောင်းရာတည့်
သံလျက်တော် ထက် အာဏာစက်မှာ
အမိန့်တော် အောက်က
နှလုံးသားငယ် ကြေမွစေသား။
ရှင်သန်မှုဟာ အကာအကွယ်မဲ့
မိုးလေထန်ထန်ကြားက လှေငယ်။
ငါ့နှလုံးသားက လမင်း မဟုတ်သော်ငြား
ကြယ်တစ်ပွင့်တော့ ပွင့်ခဲ့ပါရစေ။
တန်ဖိုးမဲ့ ချင်မဲ့။ တန်ဖိုးရှိချင်ရှိ။
မေတ္တာကိုသာ အမိုးအကာလုပ်ကာ
အချစ်တွေ သက်ဆက် ထွန်းလင်းထား။
ဆူးမရှိတဲ့ စံပယ်ဖြူပါ။
ကြွေလွင့်ခြင်းဟာ အဆုံးတစ်နေ့ဆိုရင်တောင်
မေတ္တာကို ဒိုင်းလိုကာရင်း
မိုးဒဏ်လေထန်ကြား စွမ်းသမျှ မွေးမြခဲ့ပါတယ်။
နှလုံးသားအလှတရားကို
မြင်နိုင်တဲ့ အစွမ်းသတ္တိ ဟာ
သူ့အတွက် ရှင်သန်ခြင်း ခွန်အား။
လမိုက်ညနဲ့ မိုးလေထန်တဲ့ နေ့တွေကို
ကျော်ဖြတ်ရင်း
ယုံကြည်ချက်ရဲ့ ခရီးသည်
မေတ္တာအိမ်ငယ်မှာ
နွေးထွေးခြင်းနဲ့ လုံခြုံခြင်း
ထိုက်တန်သူ နေရာတစ်ခုတော့
ပြင်ဆင်ထားကောင်းပါရဲ့။
လဲပြိုမကျအောင်
သူအားတင်းရရှာတယ်။
သစ္စာတော်ဦး စူးစေသား။
ရှင်သန်နေဆဲ လူသားတစ်ယောက်အတွက်
မေတ္တာမဲ့ အကြင်နာမဲ့..
နတ္ထိငါ့ရဲ့ အခန်းငယ်ထဲ
အခုတော့. ....
.နှလုံးသွေး စက်လက်
နာကျင်လွန်းလှပေါ့..
စိမ်းရက်လေအား။
No comments:
Post a Comment