အချစ်ရဲ့ ရသ
တစ်ကယ်တော့...
ယုံကြည်ခြင်းနဲ့
နားလည်မှုဟာ
တို့နှစ်ယောက်ကြားက
ရေသောက်မြစ်...
ဒီလိုရှင်သန်မှုက
ဘဝမှာ အဖိုးတန်ဆုံးပဲ.. အချစ်ရဲ့။
နင့်ရဲ့ ပျော်ရွှင်မှုကို
ငေးကြည့်ရင်း ပြုံးရတာ
ဘဝရဲ့ အာဟာရ..
ငါ့အတွက်တော့ ချိုမြိန်လွန်းတယ်။
သိရဲ့လား....
ရယူလိုချင်းကင်းကင်းနဲ့..
ငါဟာ..
တကယ်ကို ချစ်သွားခဲ့တယ်..ဆိုတာကို။
ဒီည..
ငါ မိုးကောင်းကင်က
ကြယ်တွေဆီ... ပြုံးကြည့်ရင်း..
ချစ်တယ်ဆိုတာကို.. ရွတ်ဆိုမိတော့..
သူတို့က တလက်လက်ဖြာလို့
ကောင်းချီးပေးတယ်။
ဒါပေမယ့်...
နင်မရှိတော့မယ့်
နေ့နဲ့ည...
ငါ့လေထုမှာ...
အောက်စီဂျင်တွေ ပါးလျ
မျက်ဝန်းမှာ ... မြူတွေဆိုင်း..
သူတို့လည်း အရောင်တွေ မှိုင်းလာရင်း..
ငါ ရင်ထဲ တိတ်တိတ်လေး
ငိုတတ်ပြီ ဆိုတာ...
တစ်နေ့နေ့တော့..
ငါလေ..
နင်သိအောင် ပြောပြချင်သေးတယ်..။
No comments:
Post a Comment