ငါ တို့ ကို သင်တို့ ကို ချစ်ခဲ့တယ်ဆိုတာ
သေခြင်းတရားဆိုတာ
မသိချင်ယောင်ဆောင်လို့ မရတဲ့အရာ
လောကကြီးထဲမှာ အဓိပ္ပါယ်ရှိသော
သေချင်းတရားများ
လူသာမန်တို့ လက်ခံရင်ဆိုင်နိုင်ရန်
ကိုယ်ခံအားကောင်းဘို့ တော့လိုတယ် ။
ခေတ်ကတောင်းဆိုလို့ သမိုင်းကတင်ပေးလိုက်တဲ့
တာဝန်များကို သယ်ပိုး
အဓိပ္ပါယ်ရှိသော သေချင်းမျိုးနဲ့ 
ဘ၀ကို အနိုင်ပိုင်းရိုက်ချိုးသွားချင်တယ် …။
ငါ ယုံတယ်
ကြိုးစင်ပေါ်ကကြိုး လေအဝှေ့ မှာ
ယိမ်းနွဲ့ ခါရမ်းနေကောင်းနေမယ်
သူ့ရင်ထဲမှာတော့ နဲနဲလေးမှ မတုန်လှုပ်
သေချင်းတရားကို ရှုမြင်သွားပုံက
ပန်းတပွင့် ပွင့် ကြွေ
အုပ်စိုးသူလူတန်းစားကို မုန်းတီးမှုက
ရင့်လေ ခိုင်မြဲလေ …။
အဲဒီနေ့ က ကမ္ဘာမြေဟာ နာကျည်းကြေကွဲဘွယ်ရာ
တေးသွားတပုဒ်ကို ထပ်ခါတလဲလဲ လွှင့်ထုတ်နေတယ်
အဲဒီနေ့ အတွက် ငါ…
မောင်လေးအောင်ရဲ့ ဖူးချစ်ကသင်တို့ ကို ချစ်ခဲ့သည်
ကဗျာတေးသွားအကြိမ်ကြိမ် ပြန်ကြားနေမိတယ်
ကြိုးစင်ပေါ်ကမှတ်တမ်းများ ကြောက်ခမန်းလိလိ
ငါ့ကို ရိုက်ပုတ်နေတော့တယ် …။
ရိုင်ဖယ်သေနတ်မောင်းတင်လာသူများ
မသာလောင်းတွေပေါ်မှာ
အာဏာထူထောင်ချင်တဲ့ကောင်တွေ နဲ့
လက်ဆွဲနှုတ်ဆက်မေ့လျော့ပစ်ဖို့ အလိုမရှိ။ အလိုမရှိ--- အလိုမရှိ -
--ဒီနေရာ ဒီဋ္ဌာန မှာ တရားမျှတမှုကိုသာတောင်းဆိုတယ်
နားထောင်စမ်းရဲဘော် တို့---
မကြာခင် ပြည်သူ့အလံတော် ဝဲပျံလာလိမ့်မယ်။
လှိုင်းတံပိုးလို ခုန်ထ
တို့ တိုင်းပြည်ရဲ့ အလံတော်ကို ကြေကွဲခြင်းအဝတ်စနဲ့ ချုပ်သီခဲ့ကြပြီ --- တဲ့
ချီလီ ကဗျာဆရာ ဗတ်ပလိုနီရူးဒါးရဲ့“ပြည်သူ့အလံတော်” ကဗျာထဲမှာ
ငါတို့ ရဲ့-နောင်တော် ဆလိုင်းတင်မောင်ဦးရဲ့ ရုပ်ပုံပေါ်လာတယ် ..။
အားလုံးအတွက် တိုက်ပွဲခေါ်သံ
ကြိုးစင်ပေါ်က လာတဲ့အသံ
ခေတ်တွေကိုပိုင်းဖြတ် ပဲ့တင်ရိုက်ခတ်နေဆဲ
သူဟာ တိုင်းပြည်အတွက်
သမိုင်းဝင်တဲ့ သမိုင်းတွင်တဲ့ သူရဲကောင်းပဲ
သူဟာ ဗကသရဲ့
သမိုင်းဝင်တဲ့ သမိုင်းတွင်တဲ့ သူရဲကောင်းပဲ
သူဟာ မျိုးဆက်တိုင်းအတွက်
သမိုင်းဝင်တဲ့ သမိုင်းတွင်တဲ့ သူရဲကောင်းပဲ
အဲဒီ သူရဲကောင်းရဲ့ စိတ်ဓာတ်နဲ့ 
အောင်ပွဲရသည့်အထိ တိုက်ပွဲဆက်ရမယ်။
ငါ ယုံတယ် ..
သူဟာ … ဆလိုင်းတင်မောင်ဦးဆိုတဲ့ သူရဲကောင်းကြီးဟာ
ကြိုးစင်ပေါ်မှာလည်း အပြုံးမပျက် တဲ့
သံမဏိစိတ်ဓာတ်နဲ့ 
ငါ တို့ ကို သင်တို့ ကို ချစ်ခဲ့တယ်ဆိုတာ …။

No comments:
Post a Comment