၈၈ မျိုးဆက် ကျောင်းသားများ၏ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သော ကိုမင်းကိုနိုင်၏ နှုတ်ခွန်းဆက်စကားဆက်သွယ်မှု ဧရိယာပြင်ပကို ရောက်သလို ဖြစ်ခဲ့ရတဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားများအိမ် အပြန်လမ်းမှာ ဒီကနေ့ ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၃)နှစ်ကျော်က ကျွန်တော်တို့ ကြွေးကျော်ခဲ့သမျှ ပဲ့တင်သံ တွေ ပြန်ထပ်တဲ့နေ့ပါ။ ကျွန်တော်တို့ စိုက်ပျိုးခဲ့သမျှ ကောက်ပင်စိမ်းတွေ ယိမ်းကတဲ့နေ့ပါ။ လောကဓမ္မတာ မိခင်ဟာ ထိုက်တန်တဲ့ တုံ့ပြန်မှုနဲ့ ရလဒ်ကို ကျွန်တော်တို့ ပြန်ရတဲ့နေ့ပါ။ ဆိုလိုတာကတော့ အခုလို သတင်း မီဒီယာသမားတွေရဲ့ရှေ့မှာ တစ်ဖျတ်ဖျတ် တောက်နေတဲ့ ဓာတ်ပုံ မီးတွေရဲ့အောက်မှာ ကျွန်တော်တို့ ရပ်နိုင်တာ၊ စကားပြောနိုင်တယ်ဆိုတာ လမ်းမပေါ်မှာ ကစဥ့်ကလျားနဲ့ ကျန်ခဲ့တဲ့ ဖိနပ်ပိုင်ရှင်တွေ၊ လူမသိ၊ သူမသိဘဝနဲ့ အသက်စွန့်ခဲ့ရတဲ့ ကျောင်းသား ပြည်သူတွေ၊ ဘဝရဲ့ အစိတ်အပိုင်းများစွာကို ဖဲ့ကျွေး၊ ချ ကျွေး ခဲ့ရပြီးတော့ လူ့လောကကို နှုတ်ဆက်သွားကြရတဲ့ ကျောင်းသား ပြည်သူတွေရဲ့ကိုယ်စား ကျွန်တော် တို့ မတ်တပ် ရပ်နိုင်သေးတဲ့ သူတွေ ဒီနေ့ ဒီအချိန် ဒီအခင်းအကျင်းမျိုးမှာ ပြောနိုင်တာပါ။ အခု သတင်းလောက မှာရော ပြည်သူလူထုရဲ့ ပြန်ကြားရေး လောကမှာ အင်မတန် ခေတ်စားနေ တဲ့ မေးခွန်းတွေရှိပါတယ်။ အဲဒါဘာ လဲဆိုတော့ နိုင်ငံရေး အခြေအနေကို ဘယ်လို သုံးသပ်လဲ ဆိုတဲ့ မေးခွန်းပါ။ ဖန်ခွက်ထဲမှာ ရေတစ်ဝက် ရှိတာကို ဘယ်လိုမြင်သလဲဆိုတဲ့ ကိစ္စဟာ ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ အကောင်းမြင်လား၊ အဆိုးမြင်လား ဆိုတဲ့ မေးခွန်းလည်း ဖြစ်ပါတယ်။ ဖန်ခွက်ထဲမှာ ရေတစ်ဝက် အထူးသ ဖြင့် ကျွန်တော်တို့ပေါ့။ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေ ပကတိ နိုင်ငံရေး အခြေအနေကို ဘယ်လို မြင်သလဲဆိုတာ တစ်ဝက်ကြီးများတောင်လို့ လည်း အကောင်းမမြင်နိုင်ဘူး။ တစ်ဝက်ထဲ နည်းလိုက်တာလို့လည်း အဆိုး မြင်တာ မဟုတ်ဘူး။ တကယ်တော့ ကျွန်တော်တို့ဟာ ရေရှိမှ အသက်ရှင် နိုင်တဲ့ ငါးတွေလိုပဲ။ ငါးတွေအတွက် ကျတော့ တစ်ဝက် ကိစ္စမဟုတ်ပါဘူး။ အသက် ကိစ္စပါ။ ရေများဖို့ လိုပါ တယ်။ ဘာကြောင့်လည်း ဆိုတော့ သတင်းသမားတွေ၊ မီဒီယာသမား တွေသိပါတယ်။ ၂၃ နှစ်တာ ပေးဆပ် လိုက်ရတဲ့ နောက်မှာ ရလာတဲ့အသီး အပွင့်တွေ အနေဖြင့် အမှန်တရားကို ဖော်ထုတ်ကြဖို့ သတင်း မီဒီယာသမား တွေ တာဝန်ကို ထမ်းချင်နေကြပြီဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြားသလောက်ကတော့ ပြည်တွင်း သတင်း လွတ်လပ်ခွင့် ပြဿနာမှာ အကြောင်းအရာ တစ်ခုဆိုပါတော့ ၂၀ဝ၈၊ ၂၀၁၀ အဲဒီတုန်းကဆိုရင် သတင်း မီဒီယာတွေရဲ့ဖော်ပြနိုင်စွမ်း ဘက်တစ်ဘက်တည်းကိုပဲ တင်ပြရသလို အဲဒီအခါကျတော့ မတူကွဲပြား ခြားနားတဲ့ အမြင်တွေ၊ အတွေးတွေကို ဖော်ပြခွင့် မရတဲ့အခါမှာ တစ်ဖက်သတ် နားထဲ၊ မျက်စိထဲ ထည့်တဲ့ အရာသာလျှင် အမှန်တရားဆိုတဲ့ အချက်အလက်တွေ သာလျှင် အမှန်တရား ဖြစ်ခဲ့ရ တယ်။ အဲဒါကို ကျွန်တော်တို့ ပြောင်းချင်ပြီဗျာ။ ဒီကနေ့ သတင်းသမားတွေအားလုံး ကျွန်တော်တို့ ဆန္ဒကို နားလည်ကြမယ် ထင်တယ်။ ကျွန်တော်တို့နဲ့ အတူ အဲဒီအပြောင်းအလဲ ကို လိုက်ပါနိုင်ကြမယ်လို့ ရည်ရွယ်တဲ့ ဆန္ဒနဲ့ ဒီကနေ့ သတင်းစာရှင်းလင်း ပွဲလုပ်ရတဲ့ ရည်ရွယ်ချက် အချက်တစ်ချက်အနေနဲ့ ပါပါတယ်။ ထပ်ပြီးတော့ ပြောရပါလိမ့်မယ်။ စာပေစိစစ်ရေးဆိုတာ လိုအပ်ပါတယ်လို့ဆိုတဲ့ အတွေးမျိုးနဲ့ ဆိုရင်တော့ ရှိဖို့လိုတယ် ဆိုတဲ့ အတွေးမျိုးနဲ့ဆိုရင်တော့ ဒီ လောက ထပ်တက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပေးဆပ်ထား ရတာတွေ အဲဒီလို တစ်ဖက်သက်အမြင်ကိုပဲ ဖော်ပြဖို့ မကြိုက်တာတွေ၊ မိမိနဲ့သဘော ထားမတူတာတွေ ဖယ်ရှားဖို့ဆိုတာ မဖြစ်ပါဘူး။ သဘောထားတွေ၊ အယူအဆတွေ အမျိုးမျိုး တင်ပြနိုင်ကြပါ စေဆိုတဲ့ လွတ်လပ်မှုမျိုးကို စာပေ လောကသားတွေ ထပ်ပြီး ခြေတစ်လှမ်းတိုးဖို့၊ ထပ်ပြီးတော့ သတ္တိတွေမွေး ပြီးတော့ ရေးကြ ထည့်ကြဖို့ ကျွန်တော် တိုက်တွန်းပါရစေ။ တစ်ချို့က ပြော ပါတယ်။ ကျွန်တော်တို့ ၈၈ မျိုး ဆက်ကျောင်းသားတွေ ဘယ်ကနေ ဘယ်လိုစပြီးတော့ ၈၈ ဘာလဲ၊ ၈၈ ဘယ်လဲ မေးခွန်းတွေရှိပါတယ်။ ၁၉၈၈ အားလုံး သိခဲ့တဲ့ ၈၈၈၈ အရေးတော် ပုံကြီးမှာ ပါဝင်ဆင်နွဲခဲ့တဲ့ မျိုးဆက် အားလုံးတွေက ၈၈ မျိုးဆက်တွေပါ။ အဲဒီမျိုးဆက်ကြီးဟာ ၈၈ အ ရေးတော်ပုံကြီး ပြီးတဲ့အခါမှာ နယ် ပယ် အသီးသီးကို စိမ့်ပြီး ဖြာပြီးတော့ ဝင်ရောက်သွားပါတယ်။ ဒီအချက် အရေးကြီပါတယ်။ စီးပွားရေးလော က၊ အနုပညာလောက၊ သတင်းမီဒီ ယာလောက၊ နိုင်ငံရေး သီးသီး သန့်သန့် လုပ်ရမယ့် လောက ဒီလိုပဲ အ များ ပြည်သူတွေရဲ့အကျိုးအတွက် အသင်းအဖွဲ့တွေ၊ ပရဟိတလောက တွေထဲကို ရောက်ပါတယ်။ နောက်ဆုံး ဝန်ထမ်းလောကတွေထဲအထိ ရောက်ပါတယ်။ ၈၈ အရေးတော်ပုံ ကြီးကို အင်နဲ့အားနဲ့ ဆင်နွှဲခဲ့တဲ့ အဲဒီ မျိုးဆက်ရဲ့ အသီးသီးသော အစိတ်အပိုင်းတွေဟာ နောက်ဆုံး လက်နက်ကိုင် အဖွဲ့အစည်းတွေထဲ အထိရောက် ခဲ့ပါတယ်။ ကောင်းပါပြီ။ အဲဒီအင်အားစုတွေရဲ့စိတ်တွေ၊ အဲဒီတုန်းက ဝိညာဉ်တွေ၊ ၈၈ ရဲ့သွေးတွေဟာ ဟောဒီ အမိမြန်မာပြည်ထဲမှာ ဧရာဝတီဆိုတဲ့ ပင်မ သွေးကြောကြီးထဲက နေ တစ်ဆတ်ဆတ် ခုန်နေတုန်းပါပဲ။နှလုံး အသည်းပွက်ထဲမှာ နွေးထွေးစွာ လှန့်နေဆဲပါပဲ။ ဆိုတော့ ကျွန်တော် တို့ ဒီနေ့ဒီမှာလာပြီးတော့ သတင်း သမားတွေရှေ့မှာ ရပ်ကြတဲ့ ၈၈ တွေ ဟာ ဘာလဲဆိုတော့ မကြာခင်ကမှ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့အကျဉ်း ထောင်တွေက ပြန်လာကြတဲ့ ၈၈ တွေပါ။ ဒါဖြစ်ရင် အဲဒီ ၈၈ တွေ ဘာလုပ်မှာလဲဆိုတဲ့ မေးခွန်းထွက်လာ တယ်။ အရှင်းဆုံး ပြောရရင်တော့ ၁၉၈၈ တုန်းက နယ်ပယ်အသီးသီးကို ဖြန့်ကျက်သွားသလိုပဲ။ အခု ထောင်တွေက တစ်ဖန် ပြန်ထွက်လာ ပြီးတော့ ပန်းပဲဖိုတွေထဲမှာ တစ်ကြိမ် နဲ့အားမရ နှစ်ကြိမ်၊ နှစ်ကြိမ်နဲ့အား မရ သုံးကြိမ်ဆိုသလို ကံကောင်းနိုင်ရင် မီးပြင်းပြင်းနဲ့ ထပ်ပြီးတော့ အတိုက်အခံ၊ ထပ်ပြီးတော့ ပေမှာ အထု ခံ အနှက်ခံတဲ့ ဓားကောင်းတွေအဖြစ် လောကခရီးစဉ်ကို ပြန်ရောက်လာတာပါပဲ။ အဲဒီတော့ ၈၈ တွေဘာဆက် လုပ်မှာလဲဆိုတဲ့ မေးခွန်းမှာနယ်ပယ် အသီးသီးမှာ ရှိပြီးသားဖြစ်တဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေနဲ့ ပြန်ပြီးတော့ လက်တွဲကြဖို့ ထပ်မံ ဖြန့်ကျက်ပြီးတော့ အများအကျိုး၊ တိုင်းပြည် အကျိုး၊ လောကပါလ တရားသုံးပါးကို ထွန်းကားဖို့ အရေးတွေကို ဆက်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ အဲဒါကို ကျွန်တော် ပြောချင်တာပါ။ အရာရာတိုင်းမှာ ကျောင်းသားတွေဟာ ကြားနေရမယ်၊ ဘက်မလိုက်ရဘူး ဆိုတဲ့ အတွေးအခေါ် အယူအဆတွေ ရှိခဲ့ပါတယ်။ ယေဘုယျအားဖြင့် မှန်ချင်မှန်ပါလိမ့်မယ်။ ချွင်းချက်အနေနဲ့တော့ ကျွန်တော်တို့ဟာ လောကပါလတရား သုံးပါးဖြစ်တဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီ မျှခြင်းဆိုတဲ့ အချက်သုံးပါးနဲ့ ပတ်သက်ရင်တော့ လောကပါလတရား သုံးပါးကို တည်ထောင်သူတွေနဲ့ ဖျက် ဆီးသူတွေရဲ့ အကြားမှာတော့ ဘက်မလိုက်ဘဲ မနေနိုင်ပါဘူး။ ကျွန်တော်တို့ လောကပါလတရား သုံးပါးတည် ထောင်သူဖက်ကနေပြီးတော့ ပြတ်ပြတ်သားသား ဘက်လိုက်မှာပါ။ အဲဒါလေးကို ကျွန်တော်အသိပေးပါရ စေ။ နောက်ဆုံး ကျွန်တော် ခရီးစဉ်တစ်လျှောက်မှာလည်း အားလုံး ကိုယ်စား ပြောခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူတွေနဲ့ လက်တွဲ ဆောင်ရွက်ရမယ့် ကိစ္စပါ။ ဒါနောက်ဆုံး စကားပါ။ ၂၃ နှစ်တာ ပြည်သူလူထု ကြီးရဲ့ ပေးဆပ်မှုနဲ့ နောက် ဘဝများစွာ၊ အသက်များစွာ စတေးပြီးတဲ့ နောက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကို ငြင်းပယ်လို့မရတဲ့ ပကတိမျက် မှောက်တရား အဖြေရဲ့ နောက်ဆုံးလက်ရှိ အစိုးရကိုယ်တိုင် လက်ခံရပါပြီ။ အဲ ဒါ ပြည်သူ့အောင်ပွဲ ဆိုတာကို အောင်စိတ်နဲ့မှတ်ပါ။ အဲဒီအတွက် ဆက်ပြီးတော့ ပြုပြင်ပြောင်းလဲရေး လုပ်လိုသူ တွေနဲ့ အဟောင်းအဆွေးကြီး ဖြစ်တဲ့ ဖိနှိပ်ချုပ်ချယ်ခြင်း၊ အခွင့်ထူးခံခြင်း ဆိုတဲ့ အဟောင်းကြီးကိုဖက်တွယ် ထားချင်တဲ့သူ တွေကတော့ နေရာတကာမှာရှိဦးမှာပါပဲ။ လွန်ဆွဲပွဲတစ်ခု လိုပါ။ လွန်ကြီး နှစ်ဖက်ပဲရှိပါတယ်။ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်ချင်တဲ့ သူတွေနဲ့ အင်အားစုတွေ ဘယ်အဖွဲ့အစည်းက ဖြစ်ဖြစ် သူတို့ကတစ် ဖက် အပြောင်းအလဲကို ငြင်းဆန်ပြီးတော့ အဟောင်းထဲမှာပဲ နေမယ်ဆိုတဲ့ သူတွေက တစ်ဖက်ပါ။ အဲဒီလွန်ပွဲဆွဲမှာလဲ ၈၈ ဟာ ပြုပြင်ပြောင်းလဲ ရေးဘက်ကပဲ လွန် ဝင်ဆွဲဦးမယ်ဆို တာကိုလည်း ရှင်းရှင်းလင်းလင်း အသိ ပေးထားချင်ပါတယ်။ အဆုံးသတ်အနေနဲ့ ကျွန်တော်တို့ ၈၈ တွေ အခုလိုရပ်ပြီး စကားပြောရတဲ့ ကာလဟာ ဘာဖြစ်နေသလဲဆိုတော့ ရှေးဟောင်း မာယာလူမျိုးတွေရဲ့ ပြက္ခဒိန် အရ ကမ္ဘာပျက်မယ့် နှစ်မှာ ကျွန်တော်တို့ လူပြန်ဖြစ်ခွင့်ရတယ်။ ကမ္ဘာပျက်မယ့်နှစ်မှ နိုင်ငံသစ် ပြန်တည်ရမယ့် ဘဝဖြစ်နေပါတယ်။ ကျွန်တော်တို့ က ဒါပေမယ့် ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေ တကယ်တန်းသာ ညီညွတ်မယ်ဆိုရင် ကမ္ဘာပျက်မယ့်နှစ်မှာ နိုင်ငံသစ် တစ်ခုမကဘူး။ ကမ္ဘာသစ်တစ်ခုပါ တည်လို့ရမယ်လို့ ယုံပါတယ်လို့ ပြောရင်း ကျွန်တော် စကားကို အဆုံးသတ်ပါရစေ။
၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက် |
ယနေ့(၂၁-၁-၂၀၁၂) မွန်းလွဲ ၂နာရီ မှစတင်ကာ ၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ရှိ တော်ဝင်စင်တာတွင် ကျင်းပလျက်ရှိပါသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အချက် ၉ ချက်ပါဝင်သော ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထား ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းစာဆရာများအပါအ၀င် လူဦးရေ ၆၀၀ကျော် တက်ရောက်လျက်ရှိကြောင်း သိရသည်။ ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားထုတ်ပြန်ချက် ၁။ကျွန်ုပ်တို့ ၈၈ မျိုးဆက်ကျောင်းသားများသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ၂။ ကျွန်ုပ်တို့နိုင်ငံသားများသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးမူဝါဒအမှားများ ဒီမိုကရေစီ ဆိတ်သုန်းမှုများကြောင့် ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေးနိမ့်ကျမှုစသည့် လူမှုဒုက္ခ အ၀၀ကို ဆယ်စုနှစ်ငါးခုကျော် ခံစားခဲ့ကြရပြီးဖြစ်သည်။ ၃။ ယနေ့အချိန်အထိ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း ၄။ စစ်မှန်သော ဒီမိုကရေစီဖော်ဆောင်ရေးအတွက် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်အား ထောက်ခံသည်။ ၈၈ မျိုးဆက် ကျောင်းသားများအနေဖြင့် အားပေးဝန်းရံသွားမည်။ ၅။ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၆။ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များအား ပြန်လည်စုစည်းနိုင်ရန်၊ နိုင်ငံရေးအရ ထိန်းသိမ်းခံထားရသည့် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည်လွှတ်ပေးရေး၊ နိုင်ငံရေးအရ တိုင်းပြည်မှ ထွက်ခွာခဲ့ရသော ပြည်ပရောက်နိုင်ငံရေးအင်အားစုမျ ၇။ အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားလာစေရေးအတွက် နိုင်ငံတကာနှုန်းစံများနှင့်အညီ ကျင့်သုံးဆောင်ရွက်မှုများ၊ အိမ်နီးချင်းနိုင်ငံများအပါအ၀င် နိုင်ငံတကာမိသားစုများနှင့် ဆက်ဆံရေး တိုးမြင့်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား အားပေးထောက်ခံသွားမည်။ ၈။ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တပ်မတော်အင်အားစု၊ နိုင်ငံရေးပါတီအသီးသီး၊ တိုင်းရင်းသားအင်အားစုများအပါ ၉။ မြန်မာနိုင်ငံဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကြိုးပမ်းမှုများတွ ၈၈ မျိုးဆက်ကျောင်းသားများ |
No comments:
Post a Comment