ခွပ်ဒေါင်းလို့ပေါင်းပါတယ် ကိုစိုးနိုင်... ခွတ်ဒေါင်းမဟုတ်ပါဘူး... ခွပ်ဒေါင်းဟာ ရန်မလိုပါဘူး... သတ္တိရှိပါတယ်... ကိုယ်ကျိုးစွန့်တယ်လို့ပြောလို့
ရလောက်တဲ့အနေအထားမရှိပါဘူး... ဒါပေမဲ့ ကိုယ့်ရဲ့တန်ဖိုးကို ကိုယ်တိုင်နားလည်တယ်လို့ သတ်မှတ်လို့ရပါတယ်... NLD ဟာ ဒီမိုကရက်တစ်ပါတီဖြစ်ပါတယ်... ဒီမိုကရေစီရဲ့အနှစ်သာရသဘောမှာ
ကိုယ့်တန်ဖိုးကိုယ်နားလည်ရမယ် ကိုယ့်ရပိုင်ခွင့်ကိုယ်သိတတ် ရမယ် ကိုယ့်ရဲ့မွေးရာပါအခွင့်အရေးကို
ထိပါးမခံပဲ သတ္တိရှိရှိတွန်းလှန်နိုင်ရမယ်.. . အဲ့ဒီ အဓိပ္ပာယ်တွေကြောင့် ခွပ်ဒေါင်းကိုသုံးပါတယ်...
ငြိမ်းချမ်းရေးဆိုတာ လူတိုင်းတောင့်တတဲ့အရာပါ... ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက် လူတိုင်းဘယ်သူကဘာလုပ်နေနေ ခေါင်းငုံ့ခံနေရမှာမဟုတ်ပါဘူး.. . ငြိမ်းချမ်းမှုတည်တံ့ဖြစ်ထွန်းဖို့အတွက် လူတိုင်းလူတိုင်းဟာ မိမိတန်ဖိုးမိမိနားလည်ရမှာဖြစ်ြ ပီး မိမိရပိုင်ခွင့်ကိုလည်းသေချာစွာ သိနားလည်သင့်ပါတယ်... အဲ့ဒီကမှ တစ်ဆင့် လူ့တန်ဖိုးနားလည်ပြီး လူသားတွေရဲ့ရပိုင်ခွင့်ကိုလေးစားတတ်ရပါမယ်... ဒါမှသာ ကိုယ်ချင်းစာတရားထွန်းကားပြီး ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲပါ လိမ့်မယ်...
ကိုယ့်တန်ဖိုးကိုယ်နားလည်ရမယ် ကိုယ့်ရပိုင်ခွင့်ကိုယ်သိတတ်
ထိပါးမခံပဲ သတ္တိရှိရှိတွန်းလှန်နိုင်ရမယ်..
ငြိမ်းချမ်းရေးဆိုတာ လူတိုင်းတောင့်တတဲ့အရာပါ... ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက် လူတိုင်းဘယ်သူကဘာလုပ်နေနေ ခေါင်းငုံ့ခံနေရမှာမဟုတ်ပါဘူး..
ခွတ်ဒေါင်းဆိုတာ ရဲရင့်တယ် အသက်ပေးဘို့တောင်ဝန်မလေးဘူး ဘယ်သူခြောက်ခြောက်မကြောက်ဖူး ဘယ်တော့မှနောက်မဆုတ်ဘူး ပြတ်သားတယ် ကိုယ်ကျိုးစွန့်တယ် သတ္တိရှိတယ် အာဇာနည်စိတ်ရှိတယ် ---------------------- သူ့အရည်အသွေးကပြောမကုန်အောင်ရှိပါတယ်
ဒါပေမယ့်
NLD ကခွတ်ဒေါင်းကို ပထမဆုံးတရားဝင်သတင်းစာမှာ ကြေငြာတော့ အဲဒီနေ့မှာပဲ ကျွန်တော် ခွတ်ဒေါင်းဆိုတဲ့ကဗျာရေးပြီး မနှစ်သက်ကြောင်း ပြောဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ငြိမ်းချမ်းမှုကို ပိုမြတ်နိုးတယ် အခုတိုင်းရင်းသားတွေလက်နက်ကိုင်တော်လှန်ရေးကို ကြိုးစားပြီး စစ်ပြေငြိမ်းအောင်ကြိုးစားနြေ ကတယ် ပတ်ဝန်းကျင်မှာ ငြိမ်းချမ်းရေးဂျိုးကူသံတွေကြား စေချင်တယ် စစ်ဆိုတာ အခြေခံလူတန်းစားတွေကို အရမ်းထိခိုက်တယ်ဆိုတာ မငြိမ်းချမ်းတဲ့ နေရာကလူတွေပိုသိတယ်။
ဒီတော့ ခွတ်ဒေါင်းက နောက်တစ်မျိုးလည်း အဓိပ္ပါယ်ဖွင့်မယ်ဆိုရင်---
ရန်လိုတတ်တယ် အကြမ်းဖက်တတ်တယ် တိုက်ခိုက်တာကို ကြိုက်နှစ်သက်တယ် ဆိုရင် မကြိုက်တော့ဘူး ဒါ့ကြောင့် ပါတီရဲ့လိုဂို ဟာ ပါတီရဲ့ စိတ်ဓါတ် ပါတီရဲ့ ခံယူချက် ပါတီရဲ့ အနာဂတ်ဆိုရင်ပြောတာပါ --- ဒါပေမယ့် ကျွန်တော်က ဘာမှမဟုတ်ပါဘူး သာမည ပြည်သူတစ်ယောက်မို့ ပေါ့ပေါ့ပါးပါးပြောတာပါ။
ဒေါင်းလား...
ဒေါင်းဟာတိရစ္ဆာန်မှ တိရစ္ဆာန်အစစ်... ဒါဘယ်သူမှမငြင်းဘူး.. ဒါပေမယ့် ဒေါင်းတိရစ္ဆာန်ရုပ်ကို အလံပေါ်တင်ပြီးတော့ အထိမ်းအမှတ်တစ်ခုအနေနဲ့လုပ်နေတာ ဒေါင်းလိုတိရစ္ဆာန်အတိုင်း အဲဒီအလံကိုင်သူ၊ အလံနောက်လိုက်၊ အလံနဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတရပ်လုံးက လိုက်လုပ်လိုက်တုနေတာရှိလား၊ သုံးထားတဲ့ဒေါင်းရုပ်ကရော.. မလျှော့တဲ့ဇွဲနဲ့ နိုင်အောင်တိုက်မယ်ဆိုတဲ့ပုံကို တင်ထားတာလား...
(တိုက်တယ်ဆိုတာကလည်း စစ်တိုက်မှတိုက်တယ်လို့တော့မမှတ်နဲ့ဦးနော်... ယှဉ်ပြိုင်တိုက်ခိုက်မှုဆိုတဲ့ စကားကို တွဲပြီးပြောနေခဲ့ကြတာရှိတာပဲ.. ဒါကလည်း တိုက်ခိုက်တယ်ဆိုတာက စစ်တိုက်မှ တိုက်ခိုက်တယ်လို့ မှတ်ယူထားတဲ့ လူ့ငနွားတွေကို သဘောပေါက်အောင်ပြောတာ)
ဒါမှမဟုတ် ချီးထိုင်ပါ၊ လျှာထုတ်ပြီးပြောင်ပြနေတဲ့ပုံတွေကို တင်ထားတာလား... သင်္ကေတတိုင်းမှာ အကျိုးအကြောင်းဆီလျော်အောင်တင်ြ ပနိုင်ရမယ်၊ သင်္ကေရဲ့ အဓိပ္ပါယ်ကို လူတိုင်းမသိနိုင်ပေမယ့်၊ ခန့်မှန်းပြီးသိနိုင်ရမယ်၊ လူပြိန်းတောင်သိနိုင်ရမယ်။ သုံးထားတဲ့ဒေါင်းအလံရဲ့ သင်္ကေတက မြင်တဲ့သူတိုင်း၊ ဦးနှောက်ရှိရင် တိရစ္ဆာန်ကို ကိုးကွယ်ပြီး သုံးထားတာမဟုတ်ဘူးဆိုတာသိနိုင် တယ်။
ကြံ့ခိုင်ရေးအဖွဲ့လား...
ကြံ့ခိုင်ရေးအဖွဲ့ ကအခုလမ်းပြင်ပေးတယ်၊ ရေစီးရေလာကောင်းအောင်မြောင်းဖောက်ပေးတယ်၊ ဟုတ်တယ်။ ဒါလက်ခံနိုင်တယ်။ သူ့တာဝန်ကိုသူလုပ်တာဖြစ်လို့် စေတနာဆိုတဲ့စကားကို အရင်ကလို ထုတ်ထုတ်မကြွားတတ်တာ.. ဒါလည်းကောင်းတယ်။
စေတနာမပါပေမယ့်၊ ထောက်ခံမဲအတွက် လုပ်နေပေမယ့် ပြည်သူတွေအကျိုးရှိတာဖြစ်လို့ မျက်စိမှိတ်ပြီး မေ့ထားပေးလိုက်မယ်၊ အရင်ခေတ်က လက်ကိုင်တုတ်လုပ်ခဲ့တာတွေကို။
အခုက တံဆိပ်အကြောင်းပဲပြောနေကြတော့၊ ကျုပ်လည်း တံဆိပ်အကြောင်းပဲပြောမယ်၊ သုံးထားတဲ့တံဆိပ်က ခြင်္သေ့ရုပ်ချီးထိုင်ပါနေတဲ့ပုံ၊ အလုပ်အကိုင်မရှိပဲ စားလိုက် ပါလိုက် ပဲလုပ်နေတယ်ဆိုတဲ့သဘောလား။
လျှာထုတ်ပြီးပြောင်ပြနေတာပဲရှိတော့၊ ဒီတံဆိပ်နောက်လိုက်တွေလည်း ဒီလို ပေါတောတောစရိုက်ရှိလို့ပဲ လျှောက်အာ၊ လျှောက်ပြီး လျှာရှည်၊ ပြီးတော့လုပ်သမျှအလုပ် ကဘာစောက်လုပ်မှမဖြစ်ဘူးဆိုတဲ့သေ ဘာလား...
ဒေါင်းကတိရစ္ဆာန်လို့သုံးထားတာဆိုတော့ ခြင်္သေ့က တိရိစ္ဆာန်မဟုတ်ဘူးဆိုတဲ့သဘောပေါ့ .. ဒါကလည်း မျိုးတူအချင်းချင်းက ကိုယ့်အမျိုးကို ကာကွယ်ပြောတတ်တာ သဘောသဘာဝကျပါတယ်။
သုံးထားတဲ့ပုံတွေမှ ခြသေ့င်္တွေက အမြဲတမ်းပါးစပ်ဟပြီး အာရိုက်တဲ့အလုပ်ပဲတတ်တယ်ဆိုတဲ့သဘောလား
ဒေါင်းတိရစ္ဆာန်ကို မကိုးကွယ်လို့ ဒေါင်းကိုနေရာတိုင်းမှာ တံဆိပ်တစ်ခုအနေနဲ့ကလွဲပြီးမသုံးတဲ့အချိန်မှာ ခြင်္သေ့ဆိုတဲ့ တိရစ္ဆာန်ရုပ်က နေရာတကာရှိနေလေတော့ အဲဒီတံဆိပ်နောက်လိုက်တွေက နေရာတကာမှာ တွေ့တွေ့နေရတာက ခြင်္သေ့ဆိုတဲ့တိရစ္ဆာန်ကို ကိုးကွယ်နေကြတာလား...
စဉ်းစားစရာတွေပါ။
No comments:
Post a Comment