တာချီလိတ် ဗျူဟာမှူး ဂေါက်ရိုက်သွားစဉ် မိုင်း(၂)လုံးကွဲ
တာချီလိတ်မြို့ မြောက်ဖက် ဆန်ဆိုင်းရပ်ကွက်ရှိ ဂေါက်ကွင်း၌ နံနက် (၇) နာရီနှင့် (၈) နာရီ အချိန်ခန့်က မိုင်းနှစ်လုံး အချိန် (၁) နာရီခန့် ခြား၍ ပေါက်ကွဲခဲ့သည်ဟု တာချီလိတ် မြို့ခံ တဦးက အခုလို ပြောသည်။
“ဗျူဟာမှူးနဲ့ အဖွဲ့ပေါ့။ ရဲချုပ်တွေ ရဲမင်းကြီးတွေလည်း ပါတယ်။ သူတို့ ဂေါက်ရိုက်ဖို့ သွားတဲ့ အချိန်မှာ မနက် (၇) နာရီလောက်မှာ တလုံးကွဲသွားတယ်။ ကွဲသွားပြီးတော့ စစ်တပ်ကို ခေါ်ပြီးတော့ သူတို့ မိုင်းရှာတယ်။ မိုင်းက မတွေ့ဘဲနဲ့ (၈) နာရီလောက်မှာ နောက်တလုံးက တခါ ထပ်ကွဲပြန်တယ်။”

















