Friday, April 13, 2012
ဝင်ကြေး ၅၀၀ ကျပ် နဲ့ IC မဏ္ဍပ် မှာ လူစည်ကား
ကန်တော်ကြီး မျှော်စင်ကျွန်းရှိ IC မဏ္ဍပ်ကို ၀င်ကြေး ၅၀၀ ကျပ် ဖြင့် ဖျော်ဖြေတင် ဆက်ရာ ၀င် ရောက်ကြည့်ရှုသူများအထူးစည်ကားခဲ့ကြောင်းသိရသည်။ ၄င်း IC မဏ္ဍပ်အား Grand Royal မှ ပံ့ပိုးပေးထားပြီး လေးဖြူ၊ အငဲ၊မျိုးကြီး၊၀ိုင်းဝိုင်း စသည့် IC ၏ပင်တိုင်အဆိုတော်များနှင့် အခြားအဆိုတော်များစွာ သီဆိုဖျော်ဖြေခဲ့ကြောင်း ၊ အခြားဖျော်ဖြေရေး မဏ္ဍပ် များစွာလည်းရှိကြောင်းသိရသည်။ IC မဏ္ဍပ်အား သင်္ကြန်အကျနေ့မှ အတက်နေ့အထိနေ့စဉ် နံနက် ၁၁ နာရီမှ ၂ နာရီထိတစ်ကြိမ်၊ ညနေ ၃ နာရီမှ ၆ နာရီထိတစ်ကြိမ်၊ တစ်နေ့လျှင် နှစ်ကြိမ် ကျဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။
မန်းသင်္ကြန် အကြိုနေ့ 
မန္တလေး ၌ လေပြင်းများတိုက်ခိုက်
သင်္ကြန်အကြို မန္တလေးမြို့တော်ဝန်မဏ္ဍပ် ဖွင့်ပွဲ ကျင်းပစဉ် ညနေ ၆ နာရီခန့်၌ လေပြင်းများ တိုက်ခတ်၍ပိရိသတ်ပွဲကြည့်စင်မှ ကြေငြာဗီနိုင်းများ ပြုတ်ထွက်သွားခဲ့သည်။
ထိုသို့ လေပြင်းတိုက်ခတ်မှုကြောင့် မြို့တော်ဝန်မဏ္ဍပ်ရှိ ဗီနိုင်းအချို့အပြင် တခြားမဏ္ဍပ်အချို့မှ ကြောငြာဗီနိုင်းများလည်း စုတ်ပြဲသွားခဲ့သည်။လေပြင်းတိုက်ပြီးနောက် မိုးဖွဲလေးများ ရွာသွန်းခဲ့သည်။
မဏ္ဍပ်ဖွင့်ပွဲတွင် မန်းမြို့တော်ဝန်ဦးအောင်မောင်းက မြို့ခံလူထုအားနှစ်သစ်ကူး နုတ်ခွန်းဆက် စကားပြောကြားရာ၌ ကမ္ဘာကြီးရာသီဥတုပူနွေးလာမှု နှင့် ဖောက်ပြန်မှု များအကြောင်းကို ထည်သွင်း ပြောကြားခဲ့ပြီး မြို့နေလူထုအနေဖြင့် ရာသီဥတု ပြောင်းလဲမှု ကို အလေးထားရန် တိုက်တွန်းခဲ့သည်။
 Popular Myanmar News Journal
မန်းမြို့တော်ဝန် သင်္ကြန်မဏ္ဍပ်ဖွင့်ပွဲကို ယနေ့ ညနေ ၅ နာရီတွင် ကျင်းပခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ ကာကွယ်ရေး NLD အငြင်းပွား
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ပြည်သူ့ လွှတ်တော် ပုံမှန် အစည်းအဝေး သို့ သွားရောက် လေ့လာစဉ်၊ မတ်လ ၁၂၊ ၂၀၁၂။
ဧပြီလ ၂၃ ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ ရှိတဲ့ လွတ်တော်အစည်းဝေးတွေကို NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ် တက်ရောက်ဖို့ မသေချာဘူးလို့ NLD ပါတီက ပြောပါတယ်။ ဒါကလည်း ရွေးကောက်ခံ 
Friday, April 6, 2012
စစ်တပ်၏ ဂုဏ်သိက္ခာကို ဗန်းပြကာ လိမ်ညာနေကြသော အရာရှိစစ်သည်များ၏ အန္တရာယ်မှရှောင်ရှားတတ်စေရန်
ဗိုလ်ကြီးစည်သူအောင်၏ဓါတ်ပုံ
ဧပြီလ ၇ ရက်နေ့ ၂၀၁၂
မြန်မာ့တပ်မတော်ထဲမှ လူပျိုအရာရှိစစ်သည်တော်တစ်ချို့သည် ငယ်ရွယ်သော မြန်မာအမျိုးသမီး ကောင်မလေးများအား ရာထူးဂုဏ်ရှိန် စစ်တပ်ဂုဏ်ရှိန် ကိုသုံး၍ သမီးရည်းစားဖြစ်ပြီးနောက် လိမ်ညာဖြားယောင်းကာ ငွေကြေးရယူမှု ကာမလိမ်လည်မှုများ မကြာခဏဖြစ်ပေါ်ကြားသိ နေရပါသည်။
နေပြည်တော် ဇီဝိတဒါနဆေးရုံးကြီး နာမည်ပြောင်း
နေပြည်တော် စည်ပင် NPTDC
ဧပြီလ ၇ ရက်နေ့ ၂၀၁၂ 
နေပြည်တော်စည်ပင် က   တည်ထောင်နေသော ပြန်ကပြေးကျေးရွာ
းအနီးရှိ ဇီဝိတဒါန  ဆေးရုံးကြီးမှာ ဖွင့် လှစ်ပီ မကြာခင်တွင် ကြားဖြတ်ရွေးကောက်ပွဲ ရဲ့ ရလဒ်တွေ ကြောင့် နာမည်ပြောင်းလိုက်ပါတယ်။  
ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်လွှတ်တော် ရွှေတံဆိပ်ဆု 
 ဇွန်လမှာ ပေးအပ်မည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် လွှတ်တော်တရပ်လုံးက ဂုဏ်ပြုချီးမြှင့်ထားတဲ့ ၂၀၀၈ ခုနှစ် (Congressional Gold Medal) လွှတ်တော်ရဲ့ရွှေတံဆိပ်ဆုကို လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ အခမ်းအနားနဲ့ ပေးအပ်မှာ ဖြစ်တယ်လို့ အောက်လွှတ်တော် အမတ် Nancy Pelosi ရုံးက ဒီကနေ့ ပြောပါတယ်။
AFP
၂၀၁၂ ခုနှစ် မတ်လ ၆ ရက်က နေပြည်တော် တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။
ဒီအခမ်းအနားအတွက် အောက်လွှတ်တော် ဥက္ကဋ္ဌ John Boehner ရုံးက စီစဉ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အခမ်းအနား တက်ရောက်ဖို့ ရှိမရှိ 
ဇီးဖြူသီး နှစ်ပြည် ဒဏ်ငွေကျပ်လေးသောင်း
မ၀ါဝါအောင်မှ သူမ၏ ဖြစ်စဉ်အားပြောပြနေစဉ်
ဧပြီလ ၇ ရက်နေ့ ၂၀၁၂   
တန်ဆောင်မုန်းလဆုတ် (၈) ရက် ၂၀၁၀ ခုနှစ်က မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် ပင်းတလဲ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြ ၏ ငွေကြေးခြိမ်းခြောက်တောင်းဆိုမှုကိုခံရသော အမျိုးသမီးတစ်ယောက်အကြောင်း ……….
Sunday, March 25, 2012
သဝန်တိုနေတယ်..
သဝန်တိုနေတယ်..
မျက်ဝန်းနက်ဖြင့် မကြည့်လေနဲ့ ချစ်ဦးရယ်
မောင်ရူးသလို သူတို့ရူးလိမ့်မယ်
ညို့စွဲတဲ့အပြုံး မပြုံးနဲ့ကွယ်
သူတို့တတွေ ချစ်ကြလိမ့်မယ်
သဝန်တိုရင်ပူ အချစ်တွေဆူလို့
နှလုံးနုနုကျက်လုနေပြီ အို…..ချစ်ဦးသခင်
မြင်လှည့် ဝင်လှည့်ပါ မောင့်ရင်ညှာ
အချစ်တွေနဲ့ ပူလောင်နေတာ
မြတ်နိုးစိတ်နဲ့ တသက်လုံးချစ်တော့မည်
ချစ်သူမျက်နှာ လမင်းပမာ တင်စားချင်တာ
သနပ်ခါးဘဲကြား “နမ်း”ချင်တယ်တအား
ရှက်ပြုံးမမေ့ဆုံးမို့ တသက်လုံး ပိုက်ထွေးတော့မယ်
ရိုးမြေကျချစ်တယ်……
စက်ရုပ်ဘဝ
မနက်မိုးလင်း ရောင်နီလဲရောက်
သံစဉ်ချိုချို ကြေးငှက်လေးတွေ
မြည်တွန်သံနင့် တပြိုင်နက်ထဲ
စက်ရုပ်ကလေး နိုးထလာခဲ့
ကော်ဖီခွက်ကို မြန်မြန်မော့ကာ
နံနက်တိုင်းရဲ့ အားသစ်တွေနှင့်
ဆိုင်ကယ်တွေကြား တိုးကျိတ်ရင်းနဲ့
ဝမ်းစာအတွက် တိုက်ပွဲဝင်ခဲ့
တစ်နေ့လာလဲ ဒီနေရာနဲ့
တခါလာလဲ ဒီအလုပ်ပဲ
ဝမ်းရေးအတွက် အလုပ်ခွင်မှာ
စက်ရုပ်လေးတော့ ပျင်းရိခဲ့ပေါ့
အလုပ်ဆင်းလို့ အိပ်ပြန်ရောက်တော့
စက်ရုပ်ကလေး အနားယူကာ
မနက်ခင်းသစ် ရောက်လာပြန်ပေါ့
နေ့နေ့ညည အလုပ်နှင့်အိမ်
လွမ်းဆွတ်ခြင်းနှင့် သတိရခြင်း
ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းများ
အထီးကျန်စွာ ဖြတ်သန်းခဲ့ရ
ဒီလိုနဲ့ပဲ စက်ရုပ်ကလေး
တိုင်းတစ်ပါးမှာ ရှင်သန်လာတာ
ဇွန်လ ၆ရက်ဆို
၃နှစ်တောင်မှ ရှိခဲ့ရောပေါ့..။
မြေခတဲ့မျက်ရည်
စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုပြီး
ဟစ်ကြွေးတက်တဲ့ ဖေဖေ.......
လောကဓံကိုကြံကြံခံ
အနိုင်မခံ အရှူံးမပေး
လွယ်လွယ်နဲ့
မျက်ရည်မကျတက် တဲ့ဖေဖေ.....။
သတိရခြင်း လွမ်းဆွတ်ခြင်းတဲ့
ရင်မှာ ပူလောင်စွာ
လောင်မြိုက်လို့
ဖေဖေ့ မျက်ရည်မြေကျခဲ့ရတယ်....။
ချစ်ခင်နှစ်သက်တဲ့
လူတွေနဲ့ ခွဲခွါနေရတဲ့ ဒုက္ခ
လောကကြီးရယ်..
အရင်ဘဝက ကုသိုလ်ကံကို
ပြန်ကြည့်လို့ရမယ့်
မှန်တစ်ချပ်လောက်လိုချင်မိ....။
တစ်နေ့နေ့တော့
လက်တွေ့ဆန်တဲ့လောကထဲ
အိမ်မက်တွေကို အရည်ဖျော်
သောက်သုံးဖို့ကြိုးစား..။
မျှော်လင့်ချက် ရောင်ခြည်သန်းနေတဲ့
အငွေ့သက်တွေကို ရှုရှိုက်...
မွန်းကျပ်စွာ လှိုက်မောလို့..
လည်မြိုမှာ စို့နင့်လို့ရယ်.....။
သိပ်ချစ်တယ်ဆိုပေမယ့်လည်း...
မတူညီတဲ့မျဉ်းပြိုင်နှစ်ကြောင်း..
ကျောချင်းကပ်နေတဲ့ ကမ္ဘာငယ်တစ်ခုစီမို့
မျက်နှာခြင်းဆိုင် ပြန်ဆုံဆည်းဖို့ရာ
ကံမကုန်သေးသ၍ တစ်နေ့နေ့တော့....
ခန္ဓာရပ်ချိန်
ဘယ်အရာမဆို
တည်တံခြင်း နဲ့ ပျက်စီးခြင်း
အဆိုးနဲ့အကောင်း ဒွန်တွဲနေတက်တာ..
အချိန်တွေ ကြာလာလေ
အသုံးပြုတာ များလာလေ
ပျက်စီးဖို့ အခွင့်ရေးပိုများလေ..
ဘဝတစ်လျှောက်လုံး
ခွန်အားတွေကို ထုတ်ပိုး
ခရီးပေါင်းများစွာကို ချီတက်နေခဲ့တယ်
လောင်စာတွေကုန်ခမ်း
လောင်မြိုက်ခြင်းတွေ မီးခိုးတိတ်ချိန်
ချုပ်ငြိမ်းခြင်းမှာ အဆုံးသတ်တယ်။
တုနှိုင်းလို့မမှီ
စိတ်နှလုံးကို ရွှင်ပြုံးစေလို့
လူအပေါင်းအား လူလောကသို့
ပို့ဆောင်ပေးသော အမျိုးသမီး
အမိမည်၏။။
ငယ်စဉ်ဘဝ အစဉ်လမ်းပြ
ပဲ့ကိုင်ဆုံးမ ရှေ့ဆောင်ခဲ့ပေ
အနန္တဂိုဏ်ဝင် ကျေးဇူးရှင်တည်း
အမိဆရာ။
ရင်ဝယ်ပိုက်ထွေး နမ်းရှိုက်မဝ
မုန်းတယ်ဘယ်ခါ မရှိလင့်ကာ
ချစ်ခြင်းတွေတာ အသက်ပမာ
အမိချစ်သား။
ကမ္ဘာမြေကြီး မြင့်မိုရ်တောင်လည်း
ယူဇနာပေါင်း တစ်သန်းနှစ်သောင်း
နှိုင်းယှဉ်မေတ္တာ တုနှိုင်းမသာ
အမိမေတ္တာ။
ဤလောကတွင် ပြောမကုန်နိုင်
အမိကျေးဇူး မြဲစွာမှတ်လေ
ဘယ်အခါခါ ဘယ်ချိန်တမ်းတ
အမေ့ရဲ့ထာဝရမေတ္တာ
တုနှိုင်းလို့မမှီသာ။
Saturday, March 24, 2012
အမရပူရမှ တန်ဖိုးတက်လာသည့်မြေဧက ၈၀ ကျော်သိမ်းဆည်းရန်စီစဉ်နေ 
 မန္တလေး၊ မတ်လ ၂၃ရက်၊ ၂၀၁၂ ခုနှစ် (YPI)
မန္တလေးတိုင်းဒေသကြီး အမရပူရမြိ့နယ်၊ စည်ပင်ကျေးရွာရှိ KNU ငြိမ်းချမ်းရေးတပ်ဖွဲ့နှင့် ကျေးရွာသားများ ပိုင် လယ်ယာမြေဧက ၈၀ ကျော်ကို များကို စစ်အရာရှိကြီးတချို့နှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်တို့က သိမ်းယူရန် စီစဉ်လျှက်ရှိသည်ဟု  ငြိမ်းချမ်းရေးတပ်ဖွဲ့မှ တာဝန်ရှိသူနှင့် လယ်သမားများက ပြောကြားသည်။
ယင်းလယ်မြေများကို  တပ်မတော်အဆင့်မြင့်အရာရှိတချို့နှင့် တရုတ်အမျိုးသားပိုင် ကုမ္ပဏီများဖြစ်ကြသည့် မန်းမြန်မာ၊ ချန်ဟိန်း၊ နယူးစတားလိုက်၊ ရွှေပြည်သာ ကုမ္ပဏီများပူပေါင်းကာ သိမ်းယူရန်စီစဉ်နေကြောင်း ငြိမ်းချမ်းရေးတပ်ဖွဲ့နှင့် လယ်သမားများ၏ ပြောဆိုချက်အရ သိရသည်။
ယူနေရပါသည်။ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်းစရာမရှိကြောင်း လောလောဆယ်မှာ
တော့ ဒီကနေ့ အစီအစဉ် နံနက် ၁၁ နာရီနောက်ပိုင်းမှ သိရှိရမည်ဖြစ်ကြောင်း မြိတ်မြို့ 
မှ သတင်းပေးပို့ ထားပါသည်။
ပထမအစီအစဉ်မှာ ယနေ့ မနက် ၇ နာ ၃၀ မိနစ်ခန်
ညနေ ၄ နာရီမှာတော့ Air Mandalay လေယာဉ်နှင့် ရန်ကုန်မြို့ ကို ပြန်လည်ထွက်
ခွါဖို့ စီစဉ်ထားတာဖြစ်ပါသည်။
မြိတ်မြို့ ဆိပ်ငယ်ဘောတံတားမှာ မီးရှုးမီးပန်းတွေလွှတ်ပြီးကြိုဆိုတဲ့ည