Wednesday, February 1, 2012
ခေါက်ချိုးညီ လမ်းများ
ငါ့ ရှေ့မှာ
လမ်း နှစ်သွယ် ရုတ်တရက် ရောက်လာတယ်
တလမ်းက ညာဘက်
တလမ်းက ဘယ်ဘက်
လမ်း နှစ်ခုစလုံး စည်းမျဉ်း စည်းကမ်း အားလုံး တပုံစံထဲ ချည်းပဲ
ငါ အဲဒီ လမ်းတွေထဲ လျှောက်လှမ်းခဲ့ပါတယ်။
လမ်း နှစ်သွယ် ရုတ်တရက် ရောက်လာတယ်
တလမ်းက ညာဘက်
တလမ်းက ဘယ်ဘက်
လမ်း နှစ်ခုစလုံး စည်းမျဉ်း စည်းကမ်း အားလုံး တပုံစံထဲ ချည်းပဲ
ငါ အဲဒီ လမ်းတွေထဲ လျှောက်လှမ်းခဲ့ပါတယ်။
ငါ ရပ်တယ်
မျက်လုံးတွေ ချာချာလည် ဝိုင်းနေတဲ့အထိ ကြည့်တယ်
နှုတ်ခမ်းကို လျှာနဲ့ သပ်တယ်
ချောင်းသံ တချက် ပေးလိုက်တယ်
ပြီးတော့မှ ညာဘက်က လမ်းပေါ် ခြေဦး တည့်လိုက်တယ်
မျက်လုံးတွေ ချာချာလည် ဝိုင်းနေတဲ့အထိ ကြည့်တယ်
နှုတ်ခမ်းကို လျှာနဲ့ သပ်တယ်
ချောင်းသံ တချက် ပေးလိုက်တယ်
ပြီးတော့မှ ညာဘက်က လမ်းပေါ် ခြေဦး တည့်လိုက်တယ်
ငါ အတတ်နိုင်ဆုံး အဲဒီ လမ်းပေါ် လျှောက်ခဲ့တယ် ဆိုတာကလွဲပြီး
အသေးစိတ်တော့ ပြစရာ ပေးစရာ မလိုဘူးပေါ့ဗျာ
အသေးစိတ်တော့ ပြစရာ ပေးစရာ မလိုဘူးပေါ့ဗျာ
Labels:
ဘာသာပြန် ကဗျာ
သစ္စာတရားနှင့် သတ္တိခွန်အား
သစ္စာတရားနှင့် သတ္တိခွန်အား
ကျမတို့
ဟောဒီ လူပုဂ္ဂိုလ်တွေ
သေးငယ်ပြီး အထီးကျန်ဆန်လှတဲ့
ဂြိုလ်ကမ္ဘာပေါ်မှာ နေထိုင်ရင်း
သင်္ကေတ အားလုံးက ပြောပြနိုင်ရာ
ပန်းတိုင်တခုဆီ ဦးတည်ရင်း
သူစိမ်းဆံဆံ ကြယ်ကောင်းကင်အောက် ဖြတ်လာခဲ့ကြ
နေရောင်ခြည်များထဲ နမော်နမဲ့ဆံဆံ ဖြတ်လာခဲ့ကြ
အဲဒီပန်းတိုင်ဆိုတာ
ကျမတို့လေ့လာသင်ယူဖို့
မဖြစ်မနေလိုအပ်ပြီး ဖြစ်နိုင်ဖွယ်လည်းရှိတဲ့
သူရသတ္တိနဲ့ အံ့မခန်း သစ္စာတရားတို့
တည်ရှိရာ နေရာပါပဲ။

Subscribe to:
Posts (Atom)