Monday, April 23, 2012

NLD လွှတ်တော်တက်ရေး ဒီမိုကရေစီ အင်အားစုပါတီများ ကြိုးပမ်းမည်
ဒေါက်တာအေးမောင်
NLD လွှတ်တော်တက်ရောက်ရေး အတွက် လိုအပ်သောဖွဲ့စည်းပုံ အခြေခံဥပဒေပါဇယား(၄)တွင် ပါရှိသော စာသားအား ပြင်ဆင်ရန်အတွက် အမျိုးသားလွှတ်တော်တွင်တက်ရောက်နေသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာ အေးမောင် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီမှ  ဒေါက်တာမြတ်ဉာဏစိုး တို့က  လွှတ်တော်တွင်း နေရာအများဆုံးရရှိထားသည့် ပြည်ခိုင်ဖြိုးပါတီ၏ အခြေအနေကိုစောင့်ကြည့်ပြီးမှသာ စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား သည်။
မလုံတလုံ ဝတ်စားဆင်ယင်လျှင် ဥပဒေကြောင်းအရအရေးယူနိုင်



7294
Facebook ပေါ်တွင် ပျံ့နှံ့နေသော သင်္ကြန်ကာလ မြင်ကွင်းဓာတ်ပုံများ
Eleven Media Group
၂၀၁၂ ခုနှစ်မဟာသင်္ကြန် ကာလအတွင်း သင်္ကြန်မဏ္ဍပ်များတွင် ရေကစားခဲ့ကြသူ၊ ရေပက်ခံထွက်သူ အမျိုးသမီးငယ်များနှင့် မင်းသမီးငယ် အချို့၏ သင်္ကြန်ကာလအတွင်း ၀တ်စားဆင်ယင်မှုများမှာ အမြင်မသင့်တော်သည့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများ ဖြစ်ခဲ့ပြီး ယင်းသို့ဝတ်စား ဆင်ယင်ခြင်းဖြင့် ယဉ်ကျေးမှု ကျင့်ဝတ်အရ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြင် ဥပဒေကြောင်းအရလည်း 

Sunday, April 22, 2012

ကျပ် နှစ်သိန်းတန်ဖုန်းကဒ်များအား ဈေးပိုပေးဝယ်ယူနေရ
ရန်ကုန်မြို့ရှိ ဧပြီလပထမအပတ် စတင်ရောင်းချပေးနေသော ကျပ် နှစ်သိန်းတန် GSM Sim Card များအား သတ်မှတ်ဈေးနှုန်းထက် ဈေးပိုပေးကာ ၀ယ်ယူနေရကြောင်း ၀ယ်သူသုံးစွဲသူများထံမှ သိရှိရသည်။
လက်ရှိတွင် ကျပ်နှစ်သိန်းတန် GSM ဖုန်း Sim Card ရောင်းချရာတွင် ကျပ်ငွေနှစ်သိန်း သတ်မှတ်ထားသော် လည်း ၀ယ်ယူသူများသည် Sim Card ၀ယ်မရမည် စိုးရိမ်သောကြောင့်  ဈေးပိုမိုပေးကာ ၀ယ်ယူနေခြင်း ဖြစ်သည်။
လွှတ်တော်သို့ သွားရေက်နိုင်မည့်အခြေအနေကို စောင့်ဆိုင်းနေ ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော
ဧပြီ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီမှ မွန်းလွဲ ၃ နာရီ အထိ  NLD ရုံးချုပ်တွင် ပြုလုပ်သော ကြားဖြတ် ရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များအား ပို့ချသည့် ဥပဒေသင်တန်း အပြီးတွင်ဒေါ်အောင်ဆန်းစုကြည်အား စောင့်ဆိုင်းနေသော ပြည်တွင်းပြည်ပမီဒီယာများထဲမှ လွှတ်တော်ကိစ္စနှင့်ပတ်သတ်၍မေးမြန်းချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က `လွှတ်တော်သို့သွားနိုင်မယ့် အချိန်ကိုစောင့်နေပါတယ်´ဟုသာပြောဆိုပြီး ထွက်ခွာသွားသည်။


နောင်တော်လေး (Hot News)

Saturday, April 21, 2012

မိုဘိုင်းဖုန်းများ လွတ်လပ်စွာရောင်းချနေပြီ မြန်မာ့ဆက်သွယ်ရေးလုပ် ငန်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ ကျယ်ကျယ်ပြန့်ပြန့်အကျိုးတူပူး ပေါင်းဆောင်ရွက်ပြီး ပြည်သူအ များအတွက် မိုဘိုင်းဖုန်းများကို ဧပြီလ (၉)ရက်မတိုင်မီကပင် ပုဂ္ဂလိက ဖုန်းအရောင်းဆိုင်များမှ လွတ်လပ်စွာရောင်းချပေးလျက်ရှိ သည်။ ပုဂ္ဂလိက ကဏ္ဍနှင့်ဝန်ကြီး ဌာနတို့ ပူးပေါင်း၍ မိုဘိုင်းဆက် သွယ်မှုကွန်ယက်တိုးချဲ့လာစေရေး တို့ကို ရည်ရွယ်ဆောင်ရွက်ခဲ့ပြီး မတ်လ (၁၄)ရက်နေ့တွင် မိုဘိုင်း ဖုန်းများဖြစ်သော GSM 

Wednesday, April 18, 2012

မြ န်မာကာစတန်များ ကုန်ကားတစ်စီး ငွေကျပ် ၅ သောင်း
  တောင်း တရုတ် - မြန်မာနယ်စပ် ကျယ်ဂေါင် - မူစယ်အဝင်အထွက် ဂိတ်ပေါက်တစ်ခုဖြစ်သည့် မန်ဝိန်းဂိတ်တွင် မြန်မာအကောက် အခွန်ဝန်ထမ်းများမှ ကုန်ကားတစ်စီး အနည်းဆုံး ကျပ်ငွေ ၅ သောင်း တောင်းယူနေကြောင်း ကုန်သည်အသိုင်းအဝိုင်း အဆိုအရ သိရသည် ။


မူဆယ် ၁၀၅ မိုင်ဂိတ်

အခွန်ဆောင်ထားသော ကုန်ကားများ တရုတ် ကျယ်ဂေါင်ဘက်မှ မူစယ်ဘက်သို့ ၀င်ရောက်ရာတွင် မန်ဝိန်းဂိတ်တာဝန်ကျ အကောက်အခွန်ဝန်ထမ်းများမှ မလိုအပ်ပဲ 

မြန်မာအပေါ် အမေရိကန် အရေးယူမှု လျှော့ပေါ့ရေး စတင်

မြန်မာနိုင်ငံမှာ လူသားချင်း စာနာမှုဆိုင်ရာ လုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် အထောက် အကူ ဖြစ်စေမယ့် ငွေကြေးလွှဲပြောင်းမှုတွေကို ခွင့်ပြုတာလို အရေးယူဒဏ်ခတ်မှု တချို့ကို အမေရိကန်ပြည်ထောင်စုက လျှော့ပေါ့ပေးသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာ လိုက်ပါတယ်။
 
မြိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သက်ကြီးပူဇော်ပွဲသတင်း 17.4.2012 မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မြိတ်မြို့နယ်အမျိုးသားဒီမိုကေ
ရစီအဖွဲ့ချုပ် 
လူငယ်များမှကြီးမှုးကျင်းပသောပထမအကြိမ်မြောက်သက်ကြီးပူဇော်ပွဲအခမ်းအနားကို 

ယင်းနေ့ညနေ (၃)နာရီအချိန်တွင်စတင်ပြုလုပ်ခဲ
့ပါသည်။
သင်ခန်းစာများယူသင့်သည့် လားရှိုးမြို့က သက်သာဆိုင်ခန်းမီးလောင်မှု
လားရှိုးမြို့တွင် မန်ဆူဘုရားကြီး သက်သာရန်ပုံငွေဆိုင်ခန်းမှ မီးအားမြင့် စက်၏အပူလွန်ကဲမှုကြောင့် မီးလောင်မှု ဖြစ်ပြီး ဆိုင်ခန်းနေလူ ၂ ဦးသေဆုံးရမှု မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းကဖြစ်ပွား သည်။
ဖြစ်စဉ်အကျဉ်းမှာ သေဆုံးသူ ရဲလင်း  ထွန်း(ခ) ကုလား (၃၀နှစ်) နှင့် မရှိုးပန်း အိမ်(ခ) မေရှိုးတို့သည်လက်ထပ်မင်္ဂလာ ပွဲကျင်းပပြီး အိမ်ထောင်သက်(၁)လနှင့် (၃)ရက်သာရှိပြီး 

ပြည်ပရောက်မြန်မာများ နေရာပြန်ချထားရေး ကွင်းဆင်းလေ့လာ
နော်နိုရင်း DVB ၁၈ ဧပြီ ၂၀၁၂

အကြောင်းမျိုးမျိုးကြောင့် ပြည်ပရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ပြန်လည် နေရာချထားရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် မြ၀တီမြို့နယ် တာဝန်ရှိသူတွေဟာ ကွင်းဆင်းလေ့လာမှုတွေ ဒီနေ့မနက်က ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လာမည့်ဇွန်လတွင် နော်ဝေနှင့် ဗြိတိန်နိုင်ငံတို့သို့ သွားရောက်လည်ပတ် မည်
ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် လာမည့်ဇွန်လတွင် နော်ဝေနှင့် ဗြိတိန်နိုင်ငံတို့သို့ သွားရောက်လည်ပတ် မည်ဖြစ်ကြောင်း အေအက်ဖ်ပီနှင့် ရိုက်တာသတင်းဌာနများက သတင်းဖော်ပြသည်။
မြန်မာနိုင်ငံမှာ နော်ဝေသံတမန်ရုံး ဖွင့်လှစ်ဖို့ရှိ
မြန်မာနိုင်ငံမှာ မကြာခင် နော်ဝေသံတမန်ရုံး ဖွင့်လှစ်ဖို့ရှိကြောင်း အော်စလိုမြို့ကိုရောက်ရှိနေတဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ရထားဝန်ကြီး ဥိးအောင်မင်းက ပြောကြားလိုက်ပါတယ်။ 

 နော်ဝေနိုင်ငံခြားရေးဝန်ကြီးနဲ့ ဧပရယ်လ ၁၇ ရက်နေ့က တွေ့ဆုံပြီးတဲ့နောက် ဥိးအောင်မင်းက အဲဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။ နှစ်ဘက်တွေ့ဆုံရာမှာ ဥိးအောင်မင်းက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကိစ္စကို အဓိကထားရှင်းပြခဲ့ပြီး နော်ဝေးနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနီးကပ် ကူညီသွားမယ်လို့ ကတိပေးခဲ့ပါတယ်။
NLD သက်ကြီးပူဇော်ပွဲ
18 April 2012 - ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ သက်ကြီးပူဇော်ပွဲတခု ဒီနေ့  နှစ်ဆန်း ၂ ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်သွားခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်တဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦးစတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အဖွဲ့ချုပ် သက်ကြီးခေါင်းဆောင်တွေဖြစ်တဲ့ ဦးအောင်ရွှေ၊ သူရဦးတင်ဦး၊ ဦးဝင်းတင်(ဟံသာဝတီ)၊ ဦးလှဖေ၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေ စသူတို့ကို မြန်မာ့နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မြန်မာကျပ်ငွေ ၁ သောင်းစီနဲ့ အ၀တ်အစားတွေကို ကန်တော့ခဲ့ကြတာပါ။

Monday, April 16, 2012

အနောက်နိုင်ငံတချို့ မြန်မာအပေါ် ပိတ်ဆို့မှုများ စတင်ရုပ်သိမ်း
နော်ဝေ
နိုင်ငံခြားရေး ဝန်ကြီး Jonas Gahr Stoere
မြန်မာနိုင်ငံအပေါ်နော်ဝေး နိုင်ငံက ချမှတ်အရေးယူထားတဲ့ စီးပွါးရေး ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ နော်ဝေ
နိုင်ငံခြားရေး ဝန်ကြီး Jonas Gahr Stoere က တနင်္ဂနွေနေ့မှာ ကြေညာ လိုက်ပါတယ်။
"The Lady" ရုပ်ရှင်ဇာတ်ကားကို HD Quality ဖြင့် အစအဆုံး ကြည့်ရှုနိုင်ပါပြ "The Lady" ဇာတ်ကားကိုကြည့်ရှုရန် ဒီနေရာကိုနှိပ်ပါ
နိုင်ငံတကာမှာရုံတင်ပြသပြီးပေမယ့်..မြန်မာနိုင်ငံမှာ..ခုချိန်ထိပြသနိုင်ခြင်းမရှိသေးတဲ့....ဒေါ်အောင်ဆန်းစုကြည့်ရဲ့အကြောင်းကိုရိုက်ကူးထားသော " The Lady " ရုပ်ရှင်ဇာတ်ကားကို Online ကနေ HD Quality ဖြင့်ကြည့်ရှုနိုင်ပါပြီ။ ကြာမြင့်ချိန် (132) မိနှစ်ခွဲရှိပြီး..Download ဆွဲမယ်ဆိုရင်တော့ (396.62)MB ရှိပါမယ်။

သင်္ကြန်မှာ ဖော်ချွတ်ခြင်းအကြောင်း အက်ဆေး [သွန်းနေစိုး] 
ဒါဟာ တစ်နှစ်ထက်တစ်နှစ် ပိုသောင်းကျန်းလာတဲ့ သင်္ကြန်မှာ ဖော်ချွတ်လာကြပုံတွေအကြောင်း ရှုံ့ချလိုတဲ့စာ မဟုတ်သလို အဲဒါကို ထောက်ခံရေးသားတဲ့စာလည်း မဟုတ်ပါဘူး။

အားလုံးသိကြတဲ့အတိုင်း ကျနော်တို့သင်္ကြန်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုပိုဆိုးလာတာတော့ အမှန်ပါပဲ။ ဒီအတွက် ရှုံ့ချမယ်ဆိုရင် လွယ်ပါတယ်။ ပစ်ပစ်နှစ်နှစ် ရစရာမရှိအောင် ပြောပစ်လိုက်လို့ ရတာပါပဲ။
ဒါပေမဲ့ ကျနော်စဉ်းစားကြည့်တယ်။ ဒီလိုပြောနေရုံနဲ့ ဒီကိစ္စကြီးကို တားဆီးလို့ ရမှာလား။ ဒီအတွက် ဘာလုပ်ကြမလဲ။
ကိုမင်းကိုနိုင် နှင့် သံချပ်ဖျော်ဖြေရေး အဖွဲ့ သံလျှင်မှာ တိုက်ခိုက်ခံရ
သန်လျင် ရွာမပိုင်း သင်္ကြန်မဏ္ဍပ်မှ ကောင်းမွန်ချောမွေ့စွာအပြန်(ဓါတ်ပုံ-88 Generation Students)
ဧပြီလ (၁၅) ရက်နေ့  ၂၀၁၂

ကိုမင်းကိုနိုင် သံချပ်ဖျော်ဖြေရေး အဖွဲ့ ညနေ ၆နာရီ ၅ မိနစ်မှာ သံလျင် ရှိ ကိုညီညီဦး မဏ္ဍပ်ကို ရောက်။ အဖွဲချုပ်လူငယ်အချို့မှ လက်ပြ နှုတ်ဆက်နေစဉ် ဘတ်စ်ကား တစီးနောက်မှ လူ ၁၅ယောက်ခန့် က ရန်ပြုတိုက်ခိုက် ရာ ကိုမင်းကိုနိုင်တို့ ယာဉ်အား အမြန်မောင်းနှင်ထွက်ခိုင်းလိုက်ပြီး ကာကွယ်ပေးသူ သန်လျင် လူငယ် သုံးဦးမှာ စိုးရိမ်ရလောက်သော ဒါဏ်ရာများရပြီး နှစ်ဦးမှာ သာမန် ဒါဏ်ရာရရှိထားပါ
တယ်။

Sunday, April 15, 2012

ဧပြီ ၂၃ ရက်အမီ လွှတ်တော် ကျမ်းကျိန်စာသားကိစ္စ အဆင်ပြေနိုင

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က တင်ပြထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့ စကားရပ်အစား လေးစားလိုက်နာပါမည် ဆိုတဲ့ အသုံးအနှုန်း သုံးစွဲဖို့ကိစ္စ အချိန်မီ အဆင်ပြေသွားလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း ဦးတင်ဦးက ဒီနေ့ ပြောကြားလိုက်ပါတယ်။

(Photo: AFP/MRTV 4)
နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံသစ်တွင် ဇန်နဝါရီ ၃၁ ရက်နေ့က အမျိုးသား လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပသော ပထမဆုံး လွှတ်တော် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို MRTV 4 ရုပ်မြင်သံကြားမှ ထုတ်လွှင့် ပြသနေပုံ ဖြစ်ပါသည်။ (Photo: AFP/MRTV 4)

ကံမမြို့ နယ်မှာ လူစုလူဝေးနှင့် ဓါးမြတိုက်မှုဖြစ်ပွါး
ဓါးမြတိုက်မှုဖြစ်ပွါးပြီး အပျက်အဆီးများကိုတွေ့ ရစဉ်
မကွေးတိုင်း ကံမမြို့နယ်တွင် ၁၃.၄.၂၀၁၂ ရက်နေ့  ည ၈ နာရီအချိန်ခန့်တွင် 
အမည်မသိသူ ဓါးမြ ၃၀၀ ခန့်လောက် သည် ဒေသခံ နေ
အိမ်များအား အတွင်း
အပြင်ရစရာမရှိအောင်ဖျက်ဆီးကာ ရွေငွေများလုယက် ခြင်းများ ဖြစ်ပွားခဲ့ပါသည်။

ဘာသာရေးအငြင်းပွားမှုတွေ ရှောင်ရှားကြဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
  NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က မြန်မာနှစ်သစ်ကူး ကာလမှာ ပြည်သူလူထုကို အခုလို မေတ္တာရပ်ခံ ပန်ကြားလိုက်တာ ဖြစ်ပါတယ်။

AFP
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ကော့မှူးမြို့နယ် မဲရုံတစ်ရုံတွင် ထောက်ခံ အားပေးသူများနှင့် အတူ ဧပြီလ ၁ ရက်နေ့က တွေ့ရစဉ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဖါးကန့်မြို့နဲ့ မကွေးတိုင်း ကံမမြို့တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ အစ္စလမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြား ခိုက်ရန်ဖြစ်ပွားမှုတွေကို ရည်ညွှန်းပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို မေတ္တာရပ်ခံ လိုက်တာ ဖြစ်တယ်လို့ NLDပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုတော့ အခုလို နိုင်ငံသစ်